Chapter 57

20 6 0
                                    

Zawgyi

အခန်း(၅၇) ရန်ပွဲ

“ငွေရောင်မျက်လုံးနှင့် ရွှေတောင်ပံသိမ်းငှက်တွေက မျှော်လင့် ထားသလိုပဲ၊ သူတို့ဟာ တကယ်ပဲ ထူးခြားလွန်းတယ်။ ဒီအတိုင်းဆိုရင် သွေးနီရောင်ဗုဒ္ဓနှလုံးသား ကြာပန်းကြီးက ယန်လေ့ရဲ့ သတ်ဖြတ်ခြင်းခံရတော့မှာပဲ” လီရွှမ် ပြောလိုက်သည်။

ကျိုးဝမ် ခေါင်းယမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး၊ အနီရောင်ဗုဒ္ဓနှလုံးသား ကြာပန်းကြီးက ဒီသိမ်းငှက် လေးနှစ်ကောင်လောက်နဲ့ မသတ်နိုင်ဘူး”

ကျိုးဝမ်၏ သွေးနီရောင်ဗုဒ္ဓနှလုံးသား ကြာပန်းကြီးနှင့် သိနားလည်မှုသည် ယခုကျောင်းသားများ မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ပါ။ သူသည် အမှန်တကယ်ကို သွေးနီရောင်ဗုဒ္ဓနှလုံးသား ကြာပန်းကြီး၏ အစွမ်းကြီးမားပုံကို သိနားလည်ထားသည်။ သူရဲကောင်းအဆင့် သိမ်းငှက်နှစ်ကောင်တည်းဖြင့် သတ်ရန်မှာ လုံးဝမဖြစ်နိုင်ပါ။

ကျိုးဝမ်၏ အသံကို အန်ကျင့်ကြားသောအခါ ရည်ရွယ်သည် မရည်ရွယ်သည် မဟုတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

လီရွှမ် က သူတို့နှစ်ယောက်၏ ကြာကန်အတွေ့အကြုံမှာ ဘာကြောင့် မတူညီသည်ကို မေးရန်ပြင်လိုက်သည်။ သိမ်းငှက် တစ်ကောင်သည် ညာဘက်မှနေပြီး သွေးနီရောင်ဗုဒ္ဓနှလုံးသား ကြာပန်းကြီးဆီသို့ တဟုန်ထိုးဆင်းပြီး ပွင့်ဖတ်များကို ကိုက်ဖြတ်ရန် နှုတ်သီးဖွင့်လိုက်သည်။

အလားတူ တစ်ခြားဘက်မှ သိမ်းငှက်ကြီးသည်လည်း ပွင့်ဖတ်များကို သူ၏ ရွှေရောင်ခပ်မှိန်မှိန်လင်းနေသည့် ခြေသည်းဖြင့် ထိရန် ကြိုးစားလိုက်သည်။ အနီရောင်ဗုဒ္ဓနှလုံးသား ကြာပန်းကြီး၏ ပွင့်ဖတ်များပေါ်တွင် ရှိနေသော ထိုင်နေသည့် ဗုဒ္ဓပုံစံသည် သွေးရောင်များ လင်းလက်လာသည်။ ထိုအခါ ထိခိုက်ကျိုးလွယ်သည်ဟု ထင်ရသည့် ပွင့်ဖတ်များသည် သိမ်းငှက်ခြေးသည်းဖြင့် ကုတ်လိုက်သော်လည်း မည်သို့မျှဖြစ်မသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ပွင့်ဖတ် များသည် မကောင်းဆိုးဝါး ပါးစပ်ကြီးလို သိမ်းငှက်ကြီးကို ငုံပြီး ပိတ်သွားသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now