Zawgyi
အခန်း (၂၅) အားနည်းချက်
ကျန်းဟောက် သေဆုံးသွားသည်နှင့် သူ၏တွဲဘက်သားရဲ သတ္တဝါများ သည်လည်း သက်ရောက်သွားစေသည်။ ပေါက်ကွဲကြေးခွံမြွေ နှင့် အရိုးချပ်ဝတ်သည်လည်း ပေါက်ကွဲသွားကာ ရှေးဉီးမူလစွမ်းအား အဖြစ် တစ်စစီ မြေပေါ်အနှံ့ ပြန့်သွားသည်။
လီရွှမ်သည် ရှုမြန်ထူကဲ့သို့ ကြောင်အ တွေးတောမနေဘဲ အနားယူဖို့အချိန်လည်း မရှိပေ။ ကျန်းဟောက်ကို သတ်ဖြတ်ပြီးနောက် သူသည် အရိုးခြောက်ဗိုလ်ချုပ်ထံသို့ ဉီးတည်ပြေးလိုက်၏။ တစ်ချိန်တည်းတွင် သူ အော်ပြောလိုက်သည်။
“ကျိုးဝမ်၊ ငါသူ့ကို အာရုံပြောင်းလိုက်မယ်၊ မင်း သူသေနိုင်မယ့် အချက်ကိုရှာပြီး တိုက်ခိုက်ရအောင်”
“ကောင်းပြီ”
ကျိုးဝမ် နောက်ဆုတ်လိုက်သည်။ အရိုးခြောက် ဗိုလ်ချုပ်သည် ကျိုးဝမ်နောက်လိုက်ရန် ပြင်နေစဉ် လီရွှမ်သည် အရိုးခြောက်ဗိုလ်ချုပ်၏ မြင်းခေါင်းကို လက်သီးတစ်ချက် ပစ်လွှတ် လိုက်သည်။
လက်သီးတွင် အနက်ရောင်စစ်ဘုရင်၏ ခွန်အားများလည်း ပါဝင်သည်။ သို့သော် ထိုလက်သီးချက်သည် အရိုးခြောက်မြင်း၏ ခေါင်းကို တွန့်ရှုံ့သွားကာ ခြေလှမ်းများ ဒယီးဒယိုင် ခနတာ ဖြစ်စေသည်။
“ မြို့ကိုကာကွယ်ရန် ငါ၏အသက်ကို အပ်နှံထားပါတယ်”
အရိုးခြောက်ဗိုလ်ချုပ်သည် ဒေါသထွက်ပြီး သူ၏ မျက်လုံးများသည် ပြူးထွက်လာသည်။ သူသည် ကြောက်မက်ဖွယ် အော်ဟစ်ပြီး လီရွှမ် ကို သူ၏လှံနှင့် တိုက်ခိုက်လိုက်သည်။
လီရွှမ်သည် အရိုးခြောက်ဗိုလ်ချုပ်၏ စွမ်းအားကြောင့် လေတံခွန်ကဲ့သို့ ရှောင်တိမ်းလိုက်သော်လည်း သူသည် လုံးဝဖိနှိပ်ခံနေရသည်။ သူသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရှိချေ။
အရိုးခြောက်ဗိုလ်ချုပ် သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးမရစေရန် ကျိုးဝမ်သည် အရိုးခြောက်မြင်း ပတ်လည်တွင် လှည့်ပတ်သွားသည်။ အချိန်အနည်းငယ် ရလာသည်နှင့် သူ၏ နတ်ဘုရားလက်သီးဖြင့် မြင်း၏ ခြေထောက်များ နှင့် ကိုယ်ကို ထိုးလွှတ်လိုက်သည်။ ထိုထိုးချက်များသည် မြင်း၏ လှုပ်ရှားမှုကို နှောင့်နှေးစေသဖြင့် လီရွှမ်ကို အသက်ရှူချောင်စေသည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Akcjaမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...