Zawgyi
အခန်း(၉၅) နဂါးဂိတ်ဆန်းကြယ်လိုဏ်ဂူ
“ဒါကဘာအဓိပ္ပာယ်လဲ? "
ကျိုးဝမ် မျက်မှောင်ကြုတ်လျက် မေးလိုက် သည်။
“သခင်လေး ဝမ်၊ ဒါက ဒီလအတွက် သခင်လေးရပိုင်ခွင့်ပါ၊ အကယ်၍ မလုံလောက်ဘူးဆိုရင် သခင်မဆီကို ထပ်တောင်းဆိုလို့ ရပါတယ်၊ အမှန်တကယ်လည်း သခင်မက သခင်လေးအတွက် သင့်တော်မယ့် တွဲဘက်သားရဲ အနည်းငယ်ကို စီစဉ်ထားတာ ရှိပါသေးတယ်၊ ဒါပေမယ့် တွဲဘက်သားရဲ အသိအမှတ်ပြုဖို့က သခင်လေး အနေနဲ့ သူရဲကောင်းအဆင့်ကို မြန်မြန်တက်နိုင်ဖို့ လိုအပ်ပါတယ်၊ အခုဟာတွေနဲ့ အဆင်မပြေလည်း နောက်တခါကျရင် ပိုရွေးချယ်စရာများနဲ့ အသုံးဝင်မယ့်ဟာတွေကို ယူလာပေးပါ့မယ်”
တပ်ရေး ဗိုလ်ကြီးမှ ပြောလိုက်သည်။
“အမ လန် တကယ်ပဲ ငါ့အတွက် ပေးလိုက်တာလား?”
ကျိုးဝမ် သည် တပ်ရေးဗိုလ်ကြီးကို မေးလိုက်၏။
“ဟုတ်ပါတယ်”
တပ်ရေးဗိုလ်ကြီးမှ သေချာသည့်လေသံဖြင့် ပြောလိုက်သည်။
“ဒါဆိုလည်း အမလန်ကို ငါက ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ ငါ ဒီလိုပို့တာကိုလည်း အသိအမှတ်ပြုပါတယ်လို့၊ ဒါပေမယ့် ငါ့အတွက် မလိုအပ်ပါဘူး”
ကျိုးဝမ် ပြောရင်း အဖုံးကို ပြန်ဖုံးလိုက်သည်။
တပ်ရေးဗိုလ်ကြီးသည် ကျိုးဝမ်ကို အံ့အားသင့်စွာကြည့်ရင်း
“သခင်လေး ဝမ်၊ ဒါက သခင်လေးရဲ့ ရပိုင်ခွင့်ပါ၊ သခင်မလေး ကျင့် လိုပါပဲ၊ ဒါက ထိုက်တန်ပါတယ်”
“ဒါက အန်ကျင့်နဲ့ ထိုက်တန်ပါတယ်၊ ငါတော့မဟုတ်ဘူး၊ ငါတကယ်လည်း မလိုအပ်ပါဘူး၊ ကျေးဇူးပြုပြီး ပြန်ပြီး အမလန်ကို ပြောလိုက်ပါ၊ ငါသူမကို လေးစားပါတယ်လို့ ဒါပေမယ့် ငါ့မျိုးရိုးနာမည်က အန် မဟုတ်ဘူးဆိုတာ”
ကျိုးဝမ် ပြောလိုက်သည်။
တပ်ရေးဗိုလ်ကြီး သည် ကျိုးဝမ်ကို ကြည့်လိုက်သည်။ သို့သော် စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းမှုကို ရပ်လိုက်သည်။ သူသည် ဘောပင်တစ်ချောင်း နှင့် စာရွက်တစ်ရွက်ထုတ်ပြီး ဆဲလ်ဖုန်းနံပါတ် တစ်ခုကို ချရေးလိုက်သည်။ ထို့နောက် လက်နှက်ဖက်ဖြင့် ကျိုးဝမ် ကို ပေးလိုက်ရင်း
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Aksiyonမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...