Chapter 2

64 6 0
                                    

Zawgyi

အခန်း(၂) ပုရွက်ဆိတ်သိုက်

ကျိုးဝမ်သည် ဖုန်းကိုရရှိကတည်းက သူ့အချိန်အားလုံးကို ဂိမ်းအပေါ် ပုံအော ကုန်ဆုံးစေခဲ့သည်။ ရလဒ်အနေဖြင့် သူသည် ရှေးဦးအမြုတေ အမျိုးမျိုးကို ရရှိခဲ့သည်။
ယခင်က သူ၏ ခွန်အားသည် ၇၊ အမြန်နှုန်းသည် ၄၊ ကိုယ်စိတ်ကြံ့ခိုင်မှုသည် ၇၊ ရှေးဦးမူလစွမ်းအားသည် ၁ ဖြစ်သည်။ ရှေးဦးမူလစွမ်းအား အမြုတေ ရရှိအောင် အရူးအမူး ဂိမ်းဆော့ပြီးနောက် သူ၏ အခြေအနေသည် တစ်လအတွင်း တိုးတက်လာခဲ့သည်။ ယခင်အချိန်များက ဆိုလျှင် ထိုသို့တိုးတက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်၏။

ရှေးဦးမူလစွမ်းအား အမြုတေများ အသုံးပြုပြီးနောက် ကျိုးဝမ် သည် အမြုတေများ၏ အသုံးဝင်ပုံများကို နားလည်လာသည်။ မည်သည့် ရှေးဦးမူလစွမ်းအား အမြုတေဖြစ်စေ သူ၏လက်ရှိအခြေအနေထက် မြင့်မားပါက ချက်ခြင်းတိုးတက်ကာ အမြုတေနှင့် အဆင့်တူဖြစ်စေ၏။ ရှေးဦးမူလစွမ်းအား အမြုတေ၏စွမ်းအားသည် သူ၏အဆင့်နှင့် တူညီခြင်း၊ နိမ့်ကျခြင်း ဖြစ်နေလျှင် အဆင့်မတိုးဘဲ သူ၏ရှိရင်းစွမ်းအားကို များပြားအောင် ပြုလုပ်ပေးနိုင်၏။ ရှေးဦးမူလစွမ်းအား ကျင့်စဉ်များ ကျင့်ကြံခြင်းတွင် အဆင့်ချက်ချင်းမတက်ဘဲ အခြေခိုင်မာအောင် ပြုလုပ်နိုင်၏။
ဆိုလိုရင်းမှာ ရှေးဦးမူလစွမ်းအား အမြုတေ အဆင့်မြင့်လေ ကျိုးဝမ်အတွက် ပိုကောင်းဖြစ်သဖြင့် ဂိမ်းမှအသံကို ပိုမိုနားစွင့် ထားသည်။ သို့သော် ပုရွက်ဆိတ်ကြီးများ အများအပြား သတ်ပြီးသော်လည်း အမြင့်ဆုံးရရှိသည်မှာ ခွန်အားအမြုတေ ၉ နှင့် ကြံ့ခိုင်မှုအမြုတေ ၈ သာ ရရှိခဲ့သည်။ အမြန်နှုန်းအမြုတေမှာ ထို့ထက်ပင် နိမ့်နေသေးသည်။ ရှေးဦးမူလစွမ်းအား အမြုတေသည် အလွန်ရှားပါးပြီး ယနေ့ရရှိသည့် အဆင့် ၅ မှာ တန်ဖိုးအရှိဆုံး ဖြစ်၏။

ကျိုးဝမ်သည် ယခုလိုဖြစ်ရခြင်းမှာ ပုရွက်ဆိတ်သိုက်၏ သဘာဝနှင့် သက်ဆိုင်သည်ဟု သုံးသပ်မိသည်။ သူတို့သည် ခွန်အား နှင့် ကြံ့ခိုင်မှု အားကောင်းသော်လည်း အမြန်နှုန်းမှာ လစ်လပ်နေ၏။ ထို့ကြောင့် ခွန်အားအမြုတေ အဆင့်မှာ မြင့်မား၍ အမြန်နှုန်းအမြုတေမှာ နိမ့်ပါးနေခြင်းဖြစ်သည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now