Zawgyi
အခန်း(၁၃) ဖခင်အမည်တူသွားသည့် မောင်နှမများ
ဆရာယုချိုးပိုင်၏ ရုံးခန်းမှ ထွက်ပြီးနောက် ကျိုးဝမ် သူ့အဖေကို ဖုန်းခေါ်ဖို့ ကြိုးစားလိုက်သည်၊ သူဘယ်လိုပဲ စဉ်းစားစဉ်းစား အန်ထျန်းကျို လို လူတစ်ယောက်ကို သူ့အနေဖြင့် စိတ်ဆိုးအောင် လုပ်ဖို့ ပိုလို့ပင်မဖြစ်နိုင်လို့ ဖြစ်သည်။
အန်ထျန်းကျို အတွက် သူ့လို မြို့သေးသေးလေးက ကျောင်းသား တစ်ယောက်ကို အကြောင်းရင်းမရှိပဲ အပြစ်ရှာဖို့ မဖြစ်နိုင်ပေ။
ဖုန်းချိတ်မိသွားသည်နှင့် သူ့အဖေ ကျိုးလင်ဖုန်၏ အသံ ထွက်ပေါ်လာသည်။
“ သားလေး၊ အဖေ့ကို လွမ်းနေတာလား မစောလွန်းဘူးလား”
ကျိုးဝမ်သည် သူ့အဖေစရိုက်ကို သိသဖြင့် ရှည်မနေတော့ဘဲ တိုက်ရိုက်မေးလိုက်သည်။
“ အဖေ အန်ထျန်းကျို ဆိုတဲ့ နာမည်နဲ့ လူကိုသိလား”
“ထျန်းကျို? ဟုတ်လား”
ကျိုးလင်ဖုန်သည် ရေရွတ်ရင်း ရုတ်တရက် အံ့အားသင့် ဝမ်းမြောက်သံဖြင့်
“ဟေး မင်းဘယ်လိုသိတာလဲ ထျန်းကျိုနဲ့၊ အဲဒါမင်းအကိုကြီးပဲ၊ ငါတောင် မင်းတို့နှစ်ယောက်ကို ဘယ်လိုမိတ်ဆက်ပေးရမလဲ စဉ်းစားနေတာ”
“ကျွန်တော့်အကိုကြီး?”
ကျိုးဝမ် ကြောင်အသွား၏။
“ဟုတ်တယ်လေ၊ ထျန်းကျိုက လန်လေး ရဲ့ သားလေ၊ ငါက လန်လေး နဲ့ လက်ထပ်တော့မှာဆိုတော့ မင်းတို့က ဖအေတူမအေကွဲ ညီအစ်ကိုတွေပေါ့၊ စကားမစပ် မင်းမှာ ဖအေတူ မအေကွဲ ညီမလည်း ရှိလာမှာ သူ့နာမည်က အန်ကျင့်…..”
ကျိုးလင်ဖုန် သည် လျှာခလုတ်တိုက်မတတ် သူ့ဇနီးလောင်း၏ ဆွေမျိုးစပ်ပုံကို ပြောပြနေသည်။
ကျိုးဝမ် ကြားရသည်မှာ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူ့အဖေ ပြောသမျှ သူအံ့ဩကာ ကိစ္စများသည် သူမျှော်မှန်းထား သည်ထက် ကြီးမားနေသည်။ သူ့အဖေက တကယ်ကြီး ဒီလို အမျိုးသမီးကို လက်ထပ်နိုင်ခဲ့တာလား။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...