Zawgyi
အခန်း(၈၅) အန်မိသားစု၏ သတ္တုတွင်း
“နေဝင်ချိန်ကောလိပ်ရဲ့ ကျောင်းသားတွေကို ကျောင်းနယ်မြေထဲမှာ ထိခိုက်အောင်လုပ်ဖို့ ဘယ်သူက မင်းကို သတ္တိတွေပေးလိုက် တာလဲ?”
အန်ထျန်းကျို ကားထဲမှာထိုင်ရင်းနဲ့ လစ်ဇ်ကို လှမ်းမေးလိုက်သည်။
“ကြီးကြပ်ရေးမှူး ကျွန်မ လစ်ဇ် က အထူးစုံစမ်းရေးဗျူရိုကပါ၊ ကျွန်မ ကွန်ဂရက်ကနေ ကျင့်တာရှန်းနဲ့ ဆက်စပ်နေသူတွေကို ဖမ်းဆီးဖို့ အမိန့်ရထား……”
လစ်ဇ် စကားမဆုံးသေးခင် ‘ဘန်း’ ဟူသည့်အသံ ရုတ်တရက်ကြားလိုက်သည်။
သူမသည် ပြင်းထန်သည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ ဘယ်ဘက်ပေါင်မှ မီးတောက်လောင်နေသလို ဖြစ်နေသည်။ ကျယ်လောင်စွာ အော်ငိုဟစ်လိုက်ပြီး သူမသည် မဟန်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ဒူးတစ်ဖက်ထောက်ကာ သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူမ၏ ပေါင်ဘေးတွင် ဟပြဲနေသည့် အပေါက်တစ်ခု ဖြစ်ပေါ်နေပြီး မီးလောင်နေသည့် အမှတ်အသားများ ဖြစ်ပေါ်နေသည်။ ကားဘေးတွင် စစ်တပ်ယူနီဖောင်းဝတ်ထားသည့် လူတစ်ယောက်ရပ်နေပြီး လက်အိတ်ဖြူဖြင့် သူ့ပစ္စတိုကို သေနတ်အိတ်မှ ထုတ်ပြီး ကိုင်ထားရင်း ပြောလိုက်သည်။
“ ကြီးကြပ်ရေးမှူးမေးတာကိုပဲဖြေ၊ မဆိုင်တာတွေ မပြောနဲ့”
“နင်ငါ့ကို ဘယ်လိုပစ်ရဲတာလဲ? နင်”
လစ်ဇ် စကားမဆုံးသေး ခင် နောက်ထပ်
‘ဘန်း’ ဆိုသည့် အသံထပ်ကြားလိုက်သည်။ ကျည်တစ်တောင့်သည် သူမ၏ နောက်ထပ်ခြေထောက်ကို ပစ်ဖောက် သွားသဖြင့် မြေကြီးပေါ်ပြိုလဲသွားပြီး ဘေးတွင် သွေးအိုင်များ အိုင်ထွန်းနေသည်။“ ကြီးကြပ်ရေးမှူးရဲ့ တပ်ရေးဗိုလ်ကြီး တစ်ယောက်အနေနဲ့ ငါ့မှာတာဝန်ရှိလို့ မင်းကို နောက်တစ်ခါသတိပေးမယ် ကြီးကြပ်ရေးမှူးရဲ့ မေးခွန်းကိုပဲ မင်းဖြေဖို့လိုအပ်တယ်၊ အကယ်၍ မင်ပြောတာ အမှားပါနေရင် ဒါမှမဟုတ် မဆီမဆိုင်တွေ ပြောနေမယ်ဆိုရင် နောက်တစ်ခါချိုးပစ်မယ့်ဟာက မင်းခြေထောက်တွေ မဟုတ်တော့ဘူး”
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...