Zawgyi
အခန်း(၆၄) ဖိတ်ကြားချက်
"ကောင်းပြီ"
ကျိုးဝမ်ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
သူသည် နောက်ဆုံးအချိန်တုန်းက မည်သည့် ဆုံးရှုံးမှုမှ မရှိခဲ့ပါ။ ကောင်းယန် နှင့် စုမိန်ကြား ပေါ်ပေါက်ခဲ့သည့်အရာမှာလည်း မဖြေရှင်းနိုင်သည့် ကိစ္စမဟုတ်ပါ။
ကောင်းယန် သည် အသံကြားလိုက်သည့်အခါ ပျော်ရွှင်သွားသည်။ သူသည် တံခါးတွန်းဖွင့်ပြီး ခြံဝင်းအတွင်း လမ်းလျှောက်ဝင်လာရင်း စကားပြောလိုက်သည်။
" ငါဒီနေ့ရောက်လာတဲ့ကိစ္စက တစ်ခြားကိစ္စ တစ်ခုကြောင့်ပဲ၊ ငါမင်းကို မိတ်ဆက်ပေးမယ် ဒီကျောင်းသား သုံးယောက်က ငါတို့ကျောင်းကပဲ၊ သူတို့အားလုံးက မင်းစီနီယာတွေပဲကွ၊ သူက ဟွေ့ဟိုင်ဖုန်း၊ မင်းက ကျောင်းဝင်ခါစဆိုတော့ သူ့နာမည် ကြားဖူးမှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းကျောင်းပုရဝဏ်နဲ့ ရင်းနှီးနေပြီဆိုရင်တော့ မင်းသေချာပေါက် သူ့ကို သိလာမှာပါ"
"ကျိုးဝမ်၊ တွေ့ရတာဝမ်းသာပါတယ်"
ဟွေ့ဟိုင်ဖုန်း သူ့လက် ထုတ်ပြီး ရင်းနှီးသည့် အမူအရာပြလိုက်သည်။
"ဝမ်းသာပါတယ်၊ ငါဂိမ်းဆော့နေလို့၊ ပြောချင်တာ တဲ့ပြောလိုက်ပါ"
ကျိုးဝမ်သည် အနီရောင်ကိုယ်ပွားကို ထိန်းချုပ်ပြီး ပုရွက်ဆိတ်သိုက်တွင် တိုက်ခိုက်နေသည်။ ပုရွက်ဆိတ်ကြီးများသည် သူ့ ကို ဝိုင်းထားပြီး နေရာအနှံ့ပြည့်နေသည်။ သူ့လက်ပြန်ပြီး မကမ်းလှမ်းနိုင်ခြင်းသည် မလေးစားမှုကြောင့်မဟုတ်ဘဲ လှုပ်မရသည့် အခြေအနေထဲ ရောက်နေသောကြောင့် ဖြစ်သည်။
ကောင်းယန်နှင့် အခြားနှစ်ယောက်သည် မကျေနပ်သည့် အမူအရာများ ပြလိုက်သည်။ သို့သော် ဟွေ့ဟိုင်ဖုန်းသည် မည်သို့မျှ မနေဘဲ အပြုံးနှင့် ဆက်ပြောလိုက်သည်။
"မင်းနဲ့ လီရွှမ် ပူးပေါင်းတိုက်ခိုက်တဲ့ ဗီဒီယိုကို ငါကြည့်ပြီးသွားပြီ၊ အမှန်တကယ်ကို အထင်ကြီးစရာပဲ၊ မင်းရဲ့ အကဲဖြတ်မှုနဲ့ အမိန့်ပေးမှုတွေက ငါ့ကို အံ့အားသင့်စေတယ်၊ ကြည့်ရတာ မင်းက အနာဂတ်ကို ခန့်မှန်းနိုင်သလိုပဲကွ၊ တစ်ခုပဲ နှမြောစရာက အဖွဲ့ဝင်တစ်ယောက်က ပြဿနာကောင် ဖြစ်နေတာပဲ အဲဒါက မင်း သွေးနီရောင် ဗုဒ္ဓနှလုံးသားကြာပန်းကြီး သတ်ရာမှာ အတားအဆီး ဖြစ်သွားတာကွာ"
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...