Zawgyi
အခန်း(၄၇) မိသားစုပြန်လည်ဆုံစည်းခြင်း မိတ်ဆုံစားပွဲ
အမှန်တကယ်တွင်လည်း ထိုခံစားချက်မှာ သွေးနီရောင်ကိုယ်ပွားမှ ကျိုးဝမ်ကို ပေးလိုက်ခြင်းဖြစ်သည်။ သူ၏အင်္ဂါများ အမှန်တကယ် ကျုံ့ဝင်ပျက်စီးသွားခြင်း မဟုတ်ပေ။
“ထူးဆန်းပါလား၊ ငါ မျိုးနွယ်ခြားသတ္တဝါ တစ်ကောင်မှ တောင်ပေါ်လာတာကို မမြင်မိပါဘူး၊ ကျောက်တုံးလှေကားထစ် များတွင် ထောင်နေသည့် မြက်တစ်ပင်တောင် မရှိချေ၊ ဘယ်အရာက သွေးနီရောင် ကိုယ်ပွားကို သေစေနိုင်တာလဲ? စစ်တပ်လည်း အကူအညီမဲ့ နေတာ အံ့ဩစရာမရှိဘူး၊ သည်နေရာက တော်တော်ကို ထူးဆန်း နေတာပဲ”
ကျိုးဝမ် သည် တွေးရင်း နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်ရန် လုပ်နေစဉ် တံခါးခေါက်သံကို ကြားလိုက်သည်။
“ကျိုးဝမ် မင်း နိုးပြီလား?”
လီရွှမ်၏အသံ ကြားလိုက်သည်။
ကျိုးဝမ်သည် မိုးစင်စင်လေးနေပြီဟု နားလည်လိုက်သည်။ သူသည် တစ်ညလုံး ကုန်ဆုံးမှန်းမသိအောင် ဂိမ်းဆော့နေမိသည်။ အချိန်ကုန်တာ အလွန်မြန်လှချည်လား။“တံခါးလော့ခ်မချထားဘူး”
ကျိုးဝမ် ပြောလိုက်သည်။
လီရွှမ် တံခါးကို တွန်းဖွင့်လိုက်သည်။ ကျိုးဝမ် ဂိမ်းဆော့နေသည်ကို မြင်လိုက်၏။ ထို့ပြင် ကျိုးဝမ်သည် မျက်ကွင်းများညိုနေပြီး ခေါင်းမှဆံပင်များမှာ ရှုပ်ပွနေသည်။
လီရွှမ် ကူရာမဲ့စွာဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။“မင်းတစ်ညလုံး ဂိမ်းနှိပ်နေတယ်လို့ ငါ့ကို မပြောစမ်းနဲ့”
“အပြင်မှာ တစ်ခုခု စိတ်ဝင်စားစရာရှိရင် ငါ့ကိုပြော၊ မဟုတ်ရင် ငါအိပ်မလို့ မနှောင့်ယှက်နဲ့”
ကျိုးဝမ် ပြောရင်း သူ့ဖုန်းကို ချထားလိုက်သည်။
သူသည် တစ်မှေးအိပ်ရန် စီစဉ်ထားသည်။ အတိတ်တုန်းက သူ၏ အိပ်ခြင်းသည် အနားယူသည့်ပုံစံ ဖြစ်သည်။ ယခု သူ၏ အိပ်ခြင်းသည် နှိပ်စက်ခြင်းတစ်မျိုး ဖြစ်နေသည်။ အိပ်နေရင်း ဘီလူးစီးခြင်း၏ ခံစားချက်မှာ ကြောက်စရာကောင်းသည်။ ထို့အပြင် သူသည် မကြာခဏ နတ်ဆိုး၏ရေရွတ်သံများ တစ်ချိန်လုံး တစ်ညလုံးနီးပါး ကြားနေရ၏။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...