Zawgyi
အခန်း(၄၉) ငွေတောင်ပံပုရွက်ဆိတ်ပျံကြီး
အန်မိသားစုမှ အပြန်တွင် သီးသန့်ဒရိုင်ဘာ တစ်ယောက်မှ ကျိုးဝမ် ကို အိမ်ပြန်ပို့ပေးခဲ့သည်။ သူသည် အန်ကျင့်ကို နောက်တစ်ခါ မမြင်တွေ့ခဲ့ရပါ။
ဘာကြောင့် အို့ယန်လန်က ငါ့လက်ခံမှုရရှိဖို့ တမင်ရည်ရွယ် ကြိုးစားနေရတာလဲ? အန်မိသားစု၏ စွမ်းအားနဲ့ဆိုရင် သူမဒီလို လုပ်စရာ မလိုပါဘူး"
ကျိုးဝမ်သည် အန်မိသားစုအတွင်း စစ်သားများ ရောစပ်နေပြီး စောင့်ရှောက်နေကြသည်ကို မြင်ခဲ့ရသည်။ ထိုကဲ့သို့ ဆက်ဆံမှုမျိုးကို လော့ယန်ရှိ မိသားစုအနည်းငယ်သာ ရရှိကြသည်။
အို့ယန်လန်သည် သူနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထင်ထင်ရှားရှား ဆောင်ရွက်နေသည်မှာ သူ့အဖေ ကျိုးလင်ဖုန် ကြောင့်ဟု သူ မယုံကြည်နိုင်ပါ။
တကယ်တော့ ကျိုးလင်ဖုန်သည် သူ့ကို သီးသန့်ခွဲခြားထားခဲ့ပြီး ဖြစ်သဖြင့် သူမအနေဖြင့် တစ်ခုခုပြဿနာရှာရန် မလိုအပ် တော့ပါ။ ယနေ့အဖြစ်အပျက်များသည် လုံးဝကို ဉီးနှောက်ခြောက်စရာ ဖြစ်နေသဖြင့် ကျိုးဝမ်သည် ဖြစ်ပြီးသားကိစ္စများကို ကသိကအောက်မဖြစ်ရန် ဆုံးဖြတ်လိုက်သည်။ အဆုံးမှာတော့ သူသည် ဆင်းရဲသော ကောင်လေးတစ်ယောက်သာ ဖြစ်ပြီး အို့ယန်လန်အနေဖြင့် ဘယ်လိုအကြံအစည်များ ချမှတ်စေကာမူ သူ့ထံမှ မည်သည့် အကျိုးအမြတ်မှ ရရှိနိုင်မည် မဟုတ်ပါ။
လီရွှမ်၏စံအိမ်သို့ ပြန်ရောက်ပြီးနောက် ကျိုးဝမ်သည် မည်သူမှ မရှိသည်ကို တွေ့လိုက်သည်။ အရင်ရက်အနည်းငယ် အတွင်း သူသည် လီရွှမ်ကို ကြုံတောင့်ကြုံခဲ တွေ့ခဲ့ရသေးသည်။
ကျိုးဝမ် ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ဖုန်းထုတ်ကာ ပုရွက်ဆိတ်သိုက် အတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်လိုက်သည်။ သူသည် ဂိမ်းကို ထွက်ထားသော်လည်း အနီရောင်ကိုယ်ပွားသည် အသက်ရှင် နေသေးသဖြင့် သူ၏သွေးတစ်စက်သုံးပြီး ဂိမ်းအတွင်းဝင်ရန် မလိုအပ်တော့ပါ။
သွေးနီရောင်ကိုယ်ပွားသည် သူထားခဲ့သည့် နေရာတွင် ပေါ်လာသည့်အချိန်တွင် ပုရွက်ဆိတ်ကြီးများက သူ့ကို ဝိုင်းထားနေပြီ ဖြစ်သည်။ ကျိုးဝမ်သည် မျိုးကွဲ အရိုးခြောက်ပုရွက်ဆိတ်ကြီးကို ဆင့်ခေါ် လိုက်သည်နှင့် အနီရောင်ကိုယ်ပွားသည် စီးနင်းလိုက်ပြီး မုန်တိုင်းတိုက်သည့်သဖွယ် တိုက်ခိုက်ပြီး ထွက်ခွာလိုက်သည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]