Zawgyi
အခန်း(၄၅) ကြာကန်မှာ လက်ရွေးစင်များစုစည်းကြခြင်းမျိုးကွဲအရိုးခြောက် ပုရွက်ဆိတ်ကြီးသည် ရေထဲတွင် လျင်မြန်သော အရှိန်ဖြင့် တွားသွားဖြတ်သန်းနေသည်ကို လီရွှမ်မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လောရွှမ်သည် အရှိန်ဖြင့် ခုန်ဆွခုန်ဆွလုပ်ပြီး ကြာရွက်များကို ဖြတ်သန်းနေသည်။ သို့သော် ဗုဒ္ဓနှလုံးသားကြာပန်းများသည် ဒုတိယအကြိမ် ကြာစေ့ဗုံးကြဲခြင်းကို ပစ်လွှတ်လိုက်သည်။ သူသည် ပြေးပုန်းရန် နေရာပင် မရှိဖြစ်နေသည်။
ထို့ပြင် သူသည် ဒုတိယအကြိမ် ဗုံးကြဲခြင်းကို ခုခံနိုင်ခဲ့လျှင် တောင်မှပင် သူ၏ ရှေးဉီးမူလစွမ်းအားများသည် သူဆက်တိုက် အသုံးပြုနေရသည့် ရှေးဉီးမူလစွမ်းအား သိုင်းကျွမ်းကျင်မှု ဖြစ်သည့် လျှင်မြန်မှု လက္ခဏာရပ်များကို ခက်ခဲစွာ ထောက်ပံ့ပေးနေရသည်။ သူသည် ကြာကန်အတွင်းသို့ ဆင်းသက်ရလျှင် သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။
ရုတ်တရက် သူသည် ကမ်းခြေမှ အသံတစ်သံကို ကြားလိုက်သည်။
“လောရွှမ် ပုရွက်ဆိတ်နောက်ကျောပေါ် ခုန်ချလိုက်”
လောရွှမ် ဘယ်သူက စကားပြောနေပြီး သူ့အစီအစဉ် ဘာဆိုတာတွေကို တွေးဖို့ အချိန်ပင်မရှိတော့ချေ။ သူသည် သွေးနီရောင်ကြာစေ့ အများအပြားကို ရှောင်နိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သို့သော် သူလုံးဝမရှောင်နိုင်သော ကြာစေ့တစ်စေ့ လွင့်လာသည် နှင့် အံကြိတ်လိုက်ပြီး သူ၏ဓားဖြင့် ခုခံရန် ပြင်ဆင်လိုက်သည်။
သွေးနီရောင်ကြာစေ့သည် သူ၏ဓားကျိုးနှင့် ထိလိုက်သည်နှင့် ပေါက်ကွဲသွားမည်ဖြစ်ပြီး သူ့ကို သွေးအိုင်အဖြစ် ပြောင်းလဲသွားမည်ကို တွေးမိပြီး အခုလုပ်ရပ်သည် အဓိပ္ပါယ်မရှိမှန်း သိသော်လည်း သူသည် တိုက်ပွဲအတွေ့အကြုံ ဗီဇအရ ရွေးချယ်စရာတစ်ခု ရှိသေးမှန်း သတိထားမိသည်။
လောရွှမ်သည် သူ၏ဓားဖြင့် သွေးနီရောင်ကြာစေ့ကို မတိုက်ခိုက်ခင် အပေါ်တွင် အနီရောင်ပုံရိပ်တစ်ခု ဖြတ်သွားသည်ကို ရုတ်တရက် မြင်လိုက်သည်။ ကြီးမားပြီး ထိတ်လန့်ဖွယ်ကောင်းသည့် ပုရွက်ဆိတ် တစ်ကောင်သည် သူ့အပေါ်မှ ခုန်တက်လိုက်ပြီး ကြာစေ့ကို ထောင် တိုက်လိုက်သည်။ သွေးနီရောင်ကြာစေ့သည် ပုရွက်ဆိတ်ခေါင်းတွင် ပေါက်ကွဲသွားပြီး သူ့တစ်ကိုယ်လုံးကို သွေးများဖြင့် လွှမ်းသွားစေသည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Akcjaမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...