Zawgyi
အခန်း(၄၂) မြေအောက်ဗုဒ္ဓမြို့တော်
ဖုန်းမျက်နှာပြင်ပေါ်တွင် အရိုးခြောက်ဗိုလ်ချုပ် တွဲဘက်သားရဲဉ ပေါ်လာပြီး ဘေးတွင် ကျိုးဝမ်၏ မျိုးကွဲပုရွက်ဆိတ်ကြီး ပေါ်လာသည်။
အသိပေးချက်တစ်ခု မျက်နှာပြင်တွင် နောက်တစ်ခါပေါ်လာသည်။
“မျိုးကွဲပုရွက်ဆိတ်ကြီးသည် ဉဖောက်ပြီးသည်ဖြစ်သဖြင့် အရိုးခြောက် ဗိုလ်ချုပ်သားရဲဉကို အထောက်အပံ့ပစ္စည်း အဖြစ် အသုံးပြုမည်။ ပေါင်းစပ်ခြင်းကို ဆက်လုပ်မည်လား?”
ကျိုးဝမ်သည် ‘လုပ်မည်’ ကို ရွေးလိုက်၏။ သူသည် အရိုးခြောက်ဗိုလ်ချုပ် သားရဲဉကြီးကို ဉဖောက်ရန် မတတ်နိုင်ဘဲရှိနေစဉ် အခု အခွင့်အရေးရလာခြင်း ဖြစ်သည်။ အနာဂတ်တွင် မျိုးကွဲပုရွက်ဆိတ်ကြီး ပြန်ရရှိလာမည်ဖြစ်ပြီး ကြိုးစားကြည့်၍ သူ့ကို ဘာမှမထိခိုက်နိုင်ချေ။
ကျိုးဝမ် ရွေးချယ်လိုက်သည်နှင့် အရိုးခြောက်ဗိုလ်ချုပ် တွဲဘက်သားရဲဉသည် မျိုးကွဲပုရွက်ဆိတ်ကြီးထံသို့ ပျံသန်းသွားသည်။ မျိုးကွဲပုရွက်ဆိတ်ကြီးနှင့် ပေါင်းစပ်သွားပြီးနောက် ဖုန်းမျက်နှာပြင်သည် ချက်ချင်း ဝက်အူရစ်သဏ္ဍာန် ပရမ်းပတာ လည်ပတ်သွားသည်။
ဒင်!
အနည်းငယ်ကြာပြီးနောက် ဂိမ်းမျက်နှာပြင်သည် နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်သွားသည်။ တစ်ချိန်တည်းတွင် အသိပေးချက် အသံတစ်ခု စာတန်းလေးအတိုင်း ပေါ်လာသည်။
“ပေါင်းစပ်ခြင်း အောင်မြင်ပါသည်။ သေမျိုးအဆင့် မျိုးကွဲပုရွက်ဆိတ်ကြီး ဖြစ်စဉ်ပြောင်းလဲပြီး သေမျိုးအဆင့် မျိုးကွဲ အရိုးခြောက်ပုရွက်ဆိတ်ကြီး ရောက်ရှိ”
ကျိုးဝမ်သည် ထိုသို့ကြားလိုက်သည်နှင့် စိတ်ဓာတ်ကျသွား၏။ သေမျိုးအဆင့် တွဲဘက်သားရဲသည် သူရဲကောင်းအဆင့် အရိုးခြောက်ဗိုလ်ချုပ်နှင့် ပေါင်းစပ်ပြီးနောက် ရလဒ်မှာ သေမျိုးအဆင့်ပင် ဖြစ်နေသေးသည်။ ထိုအရာမှာ အရမ်းဆိုးရွားသော ဆုံးရှုံးမှုဖြစ်သည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...