Chapter 70

24 6 0
                                    

Zawgyi

အခန်း(၇၀) သုံးခုထဲမှ တစ်ခုရွေးပါ

အမြင်အတိုင်းကြည့်လျှင် တွဲဘက်သားရဲဥများသည် ရွှေရောင် အရောင်များ ဖြစ်ကြသော်လည်း ရွှေရောင်များသည် သုံးမျိုးကွဲပြား နေသည်။

ထိုအရာများသည် ဂိမ်းအတွင်းဖြစ်သဖြင့် ကျိုးဝမ်သည် တွဲဘက်သားရဲဥ သုံးလုံးသည် ဘယ်လောက်ကြီးသည်ကို မပြောနိုင်ဖြစ်‌နေ သည်။ သွေးနီရောင်ကိုယ်ပွားနှင့် နှိုင်းယှဉ်ကြည့်လျှင် အကြီးဆုံး တွဲဘက်သားရဲဥသည် လူတစ်ယောက် အရပ်တစ်ဝက်လောက် ရှိသည်။

ရွှေရောင်ဗုဒ္ဓအလင်းများ ပတ်လည်တွင် လည်ပတ်နေသည် သာမက ထိုအရောင်များအကြားတွင် နီမြန်းသော အရောင်အဆင်းတစ်ခု ရှိနေသည်။ အပူချိန်ကို မခံစားနိုင်ရသော်လည်း အကြီးဆုံးဉသည် အထဲတွင် အလွန်ပူပြင်းနေသည်ဟု ခံစားမိသည်။ ဘယ်ဘက်အစွန်ဆုံး တွဲဘက်သားရဲဥမှာ အသေးဆုံးဖြစ်သည်။ ထိုဥ သည် သွေးနီရောင်ကိုယ်ပွား၏ လက်ဖျားထိပ်လောက်ပဲ ရှိသည်။ အရောင်မှာလည်း ရွှေရောင်ဖြစ်သော်လည်း အလွန်ကြည်လင်ပြီး ရွှေရောင်ကြောင်မျက်ရှင်ကျောက် ကဲ့သို့ တလက်လက်တောက်ပ နေသည်။

အလယ်မှာရှိသည့် တွဲဘက်သားရဲဥမှာ ဘောလုံးတစ်လုံးစာ အရွယ်ရှိသည်။ ထိုဥသည် ရွှေရောင်များနှင့် အချိုးကျရောစပ်ထားသလို ဖြစ်ပြီး အပေါ်ခွံများတွင် ကြမ်းတမ်းသော ပုံစံကွက်များ ရှိနေသည်။ ထိုပုံစံကွက်များမှာ ဗုဒ္ဓရုပ်ပုံများဖြစ်သော်လည်း ကျိုးဝမ် နားမလည်နိုင်ဖြစ်နေသည်။

“ဘယ်တစ်ခုကို ငါရွေးသင့်လဲ?”

ကျိုးဝမ်သည် တွဲဘက်သားရဲဥ သုံးခုကို အကဲခတ်ရင်း ဘေးကျပ်နံကျပ်ထဲ ပစ်ချလိုက်သလို ဖြစ်နေသည်။

ကျိုးဝမ်သည် သွေးနီရောင်ကိုယ်ပွားကဲ့သို့ အာရုံခံစားနိုင်သော်လည်း သူသည် မည်သည့်အရာကို ပိုကောင်းသည်ကို အမြင်နှင့် မပြောနိုင် ဖြစ်နေသည်။

“ချစ်သား၊ ကိုယ့်နှလုံးသားအလိုတိုင်း ရွေးချယ်လိုက်ပါကွယ်၊ ဘယ်ရာကိုမှ တုံ့ဆိုင်းနေစရာ မလိုအပ်ပါဘူး ချစ်သား”

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now