Chapter 52

23 7 0
                                    

Zawgyi

အခန်း(၅၂) လစ်ဇ်၏ အစီအစဉ်

ကျိုးဝမ် သည် လီရွှမ်စံအိမ်မှ ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက် လမ်းလျှောက်နေ၏။

“ဒီနေရာလေးက တော်တော်လေးကို ကောင်းတဲ့ ပတ်ဝန်းကျင်ပဲ၊ ဒါပေမယ့် ဒီနားမှာ ဘာစူပါမားကတ်ကြီးမှ မရှိတာဆိုးတယ်”

ကျိုးဝမ်သည် ဖုန်းလမ်းညွှန် မှ ညွှန်ပြသည့်အတိုင်း အနီးဆုံး စူပါမားကတ်ကို ရှာဖွေနေရာ တစ်ကီလိုမီတာ အဝေးတွင် ဖြစ်နေသည်။

ဒီနေရာက အားလုံးကောင်းတယ်၊ တစ်ခုပဲ ဈေးဝယ်ဖို့နေရာက ဝေးလွန်းတယ်၊ ကျိုးဝမ် လမ်းလျှောက်တာကို မကြိုက်တာ မဟုတ် သော်လည်း သူ၏အချိန်များကို လမ်းလျှောက်ရင်း အချိန်ဖြန်းရန် ဆန္ဒမရှိ ဖြစ်နေသည်။ သူ ယုံကြည်ထားသည်မှာ အချိန်ဖြုန်းခြင်းသည် ဘဝကို ဖြုန်းတီးခြင်းနှင့် မကွာခြားဘူး ဖြစ်သည်။ ထို့ကြောင့် သူသည် ဖုန်းကိုထုတ်လိုက်ပြီး လမ်းလျှောက်ရင်း ဂိမ်းဆော့နေလိုက်သည်။

ချောင်းစစ်ယွမ်မှ ကျိုးဝမ်ကို ခေါ်ဆောင်လာရန် အမိန့်လက်ခံထားသူ လစ်ဇ် သည် လီရွှမ်၏စံအိမ်ကို စောင့်ကြည့်ရန် လူလွှတ်ထားသည်။ ကျိုးဝမ် အိမ်မှ ထွက်လာသည်ကို မြင်သည်နှင့် စောင့်ကြည့်သူမှ လစ်ဇ်ကို အသံတိုးတိုးလေးဖြင့်

“ဒါရိုက်တာ လစ်ဇ် ကျွန်တော်တို့ သွားပြီး သူ့ကို အဝေးခေါ်သွားလိုက်ရမလား?”

လစ်ဇ် မျက်လုံးများ လည်လိုက်ပြီး

“ ကျိုးဝမ်က အထူးအခြေ အနေတစ်ခု ဖြစ်နေပြီ၊ သူ့ကို ငါတို့ခေါ်သွားတယ်ဆိုတာကို တစ်ခြားသူတွေ သိလို့မဖြစ်ဘူး၊ ပြီးတော့ လူကုံထံပတ်ဝန်းကျင်မှာက နေရာတိုင်းမှာ ကင်မရာတွေအများကြီးပဲ၊ သူ့ကို တိုက်ရိုက်ခေါ်သွားရင် ငါတို့လုပ်ရပ် ပေါ်သွားလိမ့်မယ်?”

“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ?”

လစ်ဇ် စိတ်မရှည်စွာဖြင့် သူမလက်ကို ယမ်းပြီး

“ဌာနချုပ်ပြန်တော့၊ ဒီကိစ္စ ငါရှင်းလိုက်မယ်”

လစ်ဇ် သည် လက်အောက်မှလူများကို အဝေးသွားခိုင်းလိုက်ပြီးနောက် သူမ၏ ရွှေအိုရောင်ဆံပင်များကို ဖြီးလိုက်ပြီး တွေးလိုက်သည်မှာ

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now