Zawgyi
အခန်း(၉၈) နတ်သမီးမျောက်
အမှန်အားဖြင့် ကြာပန်းပွင့်ဥမင်ထဲတွင် တကယ့်ကြာပန်းပွင့်များ ရှိမနေပါ။ ကြာပန်းများအစား အလွန်ကြီးမားသည့် ကျောက်ထွင်း ကြာပန်းပွင့်ပုံစံ အမျိုးမျိုးသည် မျက်နှာကျက်တွင် တည်ရှိနေသည်။ ပတ်လည်တွင် တည်ရှိသည့် ကျောက်တုံးရုပ်တုများမှာ ကျက်သရေ ရှိလှသည့် ပျံသန်းနေသည့် နတ်သမီးများ ဖြစ်သည်။
ကောလိပ်၏ အချက်အလက် မှတ်တမ်းများအရ အလွန်ကြီးမားသည့် ကျောက်ထွင်း ကြာပန်းပွင့်ကြီးသည် ချိတ်ဆက်မှုအက်ကွဲကြောင်း နေရာတွင် တည်ရှိနေသည်။ အခါအားလျော်စွာ မျိုးနွယ်ခြားသတ္တဝါ များသည် ချိတ်ဆက်မှု အက်ကွဲကြောင်းမှတစ်ဆင့် ထိုးထွက်လာကြသည်မှာ ကြာပန်းတစ်ပွင့်မှ စီးဆင်းလာသည်နှင့် တူနေသည်။
ကြာပန်းပွင့်ဥမင်အတွင်းတွင် အကန့်အသတ်ဖြင့် ရှိနေသည့် မျိုးနွယ်ခြားသတ္တဝါများကို နတ်သမီးသားရဲများအဖြစ် သိကြသည်။ သို့သော် သူတို့မှာ နံရံဆေးရေး ပန်းချီကားများတွင် တွေ့ရသည် နတ်သမီးများနှင့် ခြားနားနေသည်။ နတ်သမီးသားရဲများမှာ ကြည့်ရသည်မှာ ချောမောလှပခြင်းမရှိဘဲ အဲဒီအစား မျောက်များနှင့် အလွန်တူနေသည်။ ထို့ကြောင့် နတ်သမီးသားရဲများကို နတ်သမီးမျောက်များ အဖြစ် လူသိများသည်။
နဂါးဂိတ်နတ်သမီး သိုင်းကျွမ်းကျင်မှုမှာ ကျိုးဝမ်လိုအပ်နေသည့် ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှု အမြုတေဖြစ်ပြီး နတ်သမီးမျောက်များထံမှ ရရှိနိုင်သည်။ သို့သော်လည်း နတ်သမီးမျောက်များမှာ အလွန်နည်းပါးလှသည်။ သိုင်းကျွမ်းကျင်မှုအမြုတေ ကျရန်မှာမူ ပိုပြီးတောင် အခွင့်အရေးနည်းပါးနေသည်။
ချိတ်ဆက်မှုမုန်တိုင်းများ မကျရောက်ခင် အချိန်တုန်းက ကြာပန်းပွင့်ဥမင်သည် သီးခြားဉမင်တစ်ခု ဖြစ်ခဲ့သည်။ အခုအချိန်တွင် ဥမင် အများကြီးဖြစ်သွားပြီး ၎င်းတို့သည် အချင်းချင်း ချိတ်ဆက်ကုန်ကြ သည်။ ဥမင်တိုင်းတွင် ကြာပန်းပွင့် မျက်နှာကျက်တစ်ခုနှင့် နတ်သမီးများ ရှိကြသည်။ ထို့ပြင် ဗုဒ္ဓ၊ ဗောဓိသတ္တဟ၊ မာလာ နှင့် ဘုန်းကြီး ကျောက်ထွင်းရုပ်တုများ အများအပြား ရှိနေသည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...