Zawgyi
အခန်း(၅၉) ဗုဒ္ဓနှလုံးသားကြာပန်းအား ဝိုင်းလိုက်ခြင်း
လီရွှမ် နှင့် ကျိုးဝမ် သည် သွေးနီရောင်ဗုဒ္ဓနှလုံးသားကြာပန်းကြီးကို ပထမဆုံးတွေ့ခဲ့သည့် အုပ်စုတွင် ပါဝင်သူများဖြစ်သည်။ ကျိုးဝမ် သည် ဂိမ်းအတွင်း သတ်ဖြတ်ရန် မဟာဗျူဟာဆွဲနေသလို လီရွှမ် သည်လည်း မလစ်ဟင်းခဲ့ပါ။ သူသည်လည်း လေပေါ်ပျံနိုင်သည့် တွဲဘက်သားရဲများ ရရှိအောင် ကြိုးစားနေခဲ့သည်မှာ သွေးနီရောင် ဗုဒ္ဓနှလုံးသားကြာပန်းကြီးကို သတ်ဖြတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။
သို့သော်လည်း သူရဲကောင်းအဆင့် ပျံသန်းနိုင်သည့် တွဲဘက်သားရဲ မှာ ရှားပါးလှသည်။ ပျံနိုင်ပြီး အင်အားကြီးမားသည် များလည်း အလွယ်တကူ မရှိနိုင်ပါ။ ထို့အပြင် လီရွှမ်သည် သေမျိုးအဆင့်သာ ရှိသေးသည့်အတွက် သူရဲကောင်းအဆင့် သားရဲများ ဥဖောက်ရန်မှာ သူရဲကောင်းအဆင့်များထက် အချိန်ပိုလိုအပ်သည်။
ထိုအချက်များကြောင့် လီရွှမ်သည် သူရဲကောင်းအဆင့် တွဲဘက်သားရဲ ကောင်းကင်ခရုကြီး တစ်ကောင်ကိုသာ ဉဖောက်နိုင်ခဲ့သည်။
ရှုမြန်ထူသည်လည်း သေမျိုးအဆင့်ဖြစ်သည်။ သူသည် တုနှိုင်မဲ့ နတ်ဘုရားခန္ဓာကိုယ် ကျင့်စဉ်လည်း မလေ့ကျင့်ထားသဖြင့် သူရဲကောင်းအဆင့် တွဲဘက်သားရဲကို ဥဖောက်ရန် မတတ်နိုင်ပါ။ သို့သော်လည်း သူသည် လီရွှမ်၏ ညာလက်ရုံးအဖြစ် အမြဲတမ်း ရှိခဲ့သည်။ ကျန်းဟောက် သစ္စာဖောက်သည့် အချိန်တွင် သူသည် လီရွှမ် ဘက်မှ ရပ်တည်အကျိုးပြုခဲ့သည်။ ထို့ကြောင့် လီရွှမ်သည် သေမျိုးအဆင့် တွဲဘက်သားရဲဉ နဂါးကြေးခွံလိပ်ကို ရသောအခါ သူ့ကိုပေးခဲ့သည်။ ထိုအရာသည် သေမျိုးအဆင့် ဖြစ်သော်လည်း အနက်ရောင် နဂါးအိုင်တွင် နေထိုင်သဖြင့် တိုက်စားပျက်စီးနိုင်သည့် ရေများကို အလွန်အမင်း ခံနိုင်ရည်ရှိသည်။
လီရွှမ်သည် နဂါးကြေးခွံလိပ်တစ်ကောင်ကို သွေးနီရောင် ဗုဒ္ဓနှလုံးသားကြာပန်းကြီး သတ်ရန်အတွက် ပြင်ဆင်ထားသည်။ ထို့ကြောင့် ရှုမြန်ထူအတွက် ထိုအရာကို ထိန်းချုပ်ရန် သင့်တော်သည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...