Zawgyi
အခန်း(၇၃) ကောလိပ်စဖွင့်သည့် နေ့
“ကျိုးဝမ် ဝေ့ယန်ကလပ်ကိုဝင်ဖို့ စိတ်ဝင်စာလား?”
လီဝေ့ယန် မျက်စိမှိတ်ပြလိုက်သည်။
“ငါတို့ဝေ့ယန်ကလပ်က အခြေခံအားဖြင့် မိန်းကလေးတွေပဲ လက်ခံတာ၊ သူတို့အားလုံးက အရမ်းလှတဲ့ အမျိုးသမီးစီနီယာတွေပဲနော်”
ကျိုးဝမ် ပြန်မဖြေနိုင်သေးခင် လီရွှမ် အော်ဟစ်လိုက်သည်။
“အမ ဒါကြီးက မတရားဘူးနော်၊ အမ က ကျိုးဝမ်ကို ကျွန်တော့်ဆီက ဘယ်လိုလုပ် လုယူရက်တာလဲ? ဒါပေမယ့် အမနောက်ကျသွားပြီ ကျိုးဝမ်နဲ့ ကျွန်တော်အခု ကလပ်အသစ်တစ်ခု ထောင်ထားတယ်၊ သူက ဝေ့ယန်ကလပ်ကို ပူးပေါင်းနိုင်မှာ မဟုတ်တော့ဘူး”
လီဝေ့ယန် နှုတ်ခမ်းများကို ကွေးလိုက်ပြီး ဆက်ပြောလိုက်သည်။
“ဒါက ကျိုးဝမ်က နင်နဲ့ ကလပ်အသစ်ဖွဲ့ချင်စိတ်ပေါ် မူတည်တယ်လေ၊ ညီအမတို့ ငါတို့ ဝေ့ယန်ကလပ်ရဲ့ အင်အားကို ပြလိုက်ရအောင်”
လီဝေ့ယန်၏ နောက်တွင် အတန်းလိုက်ရပ်နေကြသည့် လှပပြီး ဖက်ရှင်အပြည့်ဖြင့် မိန်းကလေးများသည် ညှို့ယူဆွဲမက်ဖွယ်၊ ချစ်စရာ ကိုယ်ဟန်အမျိုးမျိုးကို တစ်ပြိုင်တည်း ပြုလုပ်လိုက်သည်။ ထိုအရာသည် ပန်းများအားလုံး အစွမ်းကုန်ပွင့်နေသည်နှင့်ပင် တူနေသည်။
“ပျားရည်ထောင်ချောက်?
အမ ဒါက စည်းကမ်းကို ဆန့်ကျင် ရာရောက်တယ်မလား”လီရွှမ် တံတွေးမျိုချပြီး ကန့်ကွက်လိုက်၏။
“ဒါက ရရှိသည့် အရင်းအမြစ်နဲ့ အကျိုးရှိစွာအသုံးချခြင်း အကြောင်း ပျက်လို့ခေါ်တယ်ကွဲ”
လီဝေ့ယန်သည် လီရွှမ်ကို မသိကျိုးကျွံပြု လိုက်ပြီး ကျိုးဝမ်ကို ပြုံးပြလိုက်သည်။
“ဘယ်လိုလဲ? ဝေ့ယန် ကလပ်နဲ့ပူးပေါင်းဖို့ စဉ်းစားပြီးပြီလား၊ ငါတို့က နင့်ကိုနှိမ့်ချပြီး မဆက်ဆံပါဘူး”
ကျိုးဝမ် ခေါင်းယမ်းလိုက်ပြီး
“ကျွန်တော် လီရွှမ်နဲ့ ကလပ်အသစ် ထောင်ဖို့ ပြောပြီးသားဖြစ်နေလို့ပါ”
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Aksiမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...