Chapter 100

21 4 0
                                    

Zawgyi

အခန်း(၁၀၀) စကားလုံးမဲ့ မော်ကွန်းတိုင်

လောင်ကျွင့်တောင် သည် နေဝင်ချိန်ကောလိပ်အတွင်း မတည်ရှိပါ။ ကျိုးဝမ်သည် မူလက အဝေးသို့သွားရန် ဆန္ဒမရှိဖြစ်နေသည်။ သို့သော် သူသည် ကောလိပ်၏ အိမ်စာတာဝန်များကို ပြီးစီးသွားရန် လိုအပ်သည်။ မဟုတ်လျှင် သတ်မှတ်ထားသည့် စည်းကမ်းများအရ သူသည် ဘွဲ့ရနိုင်မည် မဟုတ်ပါ။

လီရွှမ် အတွက်မူ ၎င်းသည် ဘတ်စ်ကားပေါ် စထိုင်လိုက်ကတည်းက အလွန်စိတ်လှုပ်ရှားနေပြီး လောင်ကျွင့်တောင် အကြောင်းကို ကျိုးဝမ်ကို အဆက်မပြတ် ရှင်းပြနေသည်။

“လောင်ကျွင့်တောင်လို နေရာကို ချိတ်ဆက်မှုနယ်မြေကြားမှာ လုံခြုမှုအရှိဆုံးလို့ ပြောလို့ရတယ်၊ အဲဒီနေရာမှာ မျိုးနွယ်ခြားသတ္တဝါ  အများအပြားရှိပေမယ့် လူသားတွေကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်လေ့မရှိဘူး၊ မင်းက သူတို့ကို စိတ်ဒုက္ခမပေးသရွေ့ လောင်ကျွင့်တောင်မှာ အန္တရာယ်ဆိုတာ ရှိမှာမဟုတ်ဘူး၊

ငါတို့ကောလိပ် အိမ်စာတာဝန်က စကားလုံးမဲ့ မော်ကွန်းတိုင်ကို သွားပြီး ကြည့်ရှုမှတ်သားဖို့ဘဲ၊ စိတ်နိဗ္ဗာန်မော်ကွန်းတိုင် လို့လည်း သိကြတယ်၊ လူတစ်ယောက်က ဘယ်လောက်ပဲ စိတ်စွမ်းအားသန်မာပါတယ် ပြောလည်း ၎င်းမော်ကွန်းတိုင်ကို နာရီဝက်ထက်ကြာအောင် မကြည့်နိုင်ဘူး မဟုတ်ရင် အဲဒါက ရယ်စရာတွေ…….”

ကျိုးဝမ် သည် တံခါးပေါက်ဘေးတွင် ထိုင်ပြီး ပုရွက်ဆိတ်ဂိမ်းကို နှိပ်ကာ လီရွှမ် ပြောပြသည့် လောင်ကျွင့်တောင်အကြောင်း အသေးစိတ်ကို နားထောင်နေသည်။

“ဘာက အရမ်းရယ်ရတာလဲ?”

ကျိုးဝမ် မေးလိုက်သည်။

“အဲဒါကြီးက အရမ်းကြောက်စရာ ကောင်းတယ်၊ ၎င်းက လူမသတ်သော်လည်း လူတွေကို စိတ်လှုပ်ရှားစေပြီး တစ်စုံတစ်ခုကို အဆက်မပြတ်ပြုလုပ်အောင် လှုံ့ဆော်ပေးနိုင်တယ်”

လီရွှမ် သည် ပြောရင်း ရယ်မောနေသည်။ လောင်ကျွင့်တောင် သည် လော့ယန် နှင့် မနီးမ‌ဝေးတွင် တည်ရှိသဖြင့် သိပ်မကြာခင် ရောက်ရှိသွားသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now