Zawgyi
အခန်း(၉၉) ရှေးဟောင်းအင်ပါယာဆုဒြာ
မျိုးကွဲကြာပန်းပုရွက်ဆိတ်ကြီးမှာ အလွန်သန်မာသော်လည်း ၎င်း၏ ရှေးဦးမူလစွမ်းအားမှာ ကန့်သတ်ချက်ရှိနေသည်။ ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှု အသုံးပြုနေစဉ်အတွင်း ထိန်းသိမ်းထားနိုင်ခြင်း မရှိဘဲဖြစ်နေသည်။
သို့သော်လည်း မည်သည့် ရှေးဟောင်းမူလစွမ်းအား သိုင်းကျွမ်းကျင်မှုများ အသုံးမပြုလျှင်ပင် မျိုးကွဲကြာပန်း ပုရွက်ဆိတ်ကြီး နှင့် ငွေတောင်ပံ ပုရွက်ဆိတ်ပျံကြီးတို့သည် နတ်သမီးမျောက်တစ်ကောင်ကို အလွယ်တကူ သတ်နိုင်ကြသည်။
နတ်သမီးမျောက်သည် အမြုတေများ တစ်ခါတရံ ထုတ်ပေးနိုင်သော်လည်း အများစုမှာ လျင်မြန်မှု အမြုတေများ ဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းမှ ရှေးဦးမူလစွမ်းအား အမြုတေများ ကျလာသည့်အခါ ကျိုးဝမ်သည် မျိုးကွဲ ကြာပန်းပုရွက်ဆိတ်ကြီး၏ ရှေးဦးမူလစွမ်းအားများ အားပြန်ဖြည့်ရန် ခွင့်ပြုပေးထားလိုက်သည်။
အခုအချိန်တွင် ကျိုးဝမ် ရှေးဦးမူလစွမ်းအား အမြုတေများသည် တော်တော်အသုံးဝင်သည်ကို ယုံကြည်လာသည်။ သူ့တွင် တွဲဖက်သားရဲနှစ်ကောင် ရှိလာနေပြီဖြစ်သည်။
သို့သော် သူသည်လည်း များစွာသော ရှေးဦးမူလစွမ်းအား အမြုတေများဖြင့် ကိုယ့်ကိုကိုယ် အားဖြည့်ရန် လိုအပ်နေသေးသည်။ အနာဂတ်တွင် တွဲဖက်သားရဲများ ပိုများလာသည်နှင့်အမျှ ရှေးဦးမူလစွမ်းအား အမြုတေများမှာ ပိုပြီး အသုံးဝင်လာမည်ဖြစ်သည်။
ကံမကောင်းသည်မှာ ဂိမ်းအတွင်းတွင် သိမ်းထားလို့ရမည့် အရာမပါခြင်း ဖြစ်သည်။ မဟုတ်လျှင် ကျိုးဝမ်သည် ရှေးဦးမူလစွမ်းအား အမြုတေများကို သိမ်းထားနိုင်ပြီး လိုအပ်သည့်အခါ အသုံးပြုနိုင်မည် ဖြစ်သည်။ ကျိုးဝမ်သည် တွေးတောနေရင်း သူသည် သံစုံသံလေးကို ကြားလိုက်သည်။
“နတ်သမီးမျောက်ကို သတ်ဖြတ်ပြီး၊ မျိုးနွယ်ခြားအမြုတေ ရှာဖွေတွေ့ရှိပြီး”
ကျိုးဝမ်သည် အနီးကပ်ကြည့်လိုက်ရာ အမြုတေတွင် နတ်သမီးမျောက်စာလုံးများ ပါရှိသည်။ သူသည် ဝမ်းမြောက်သွား၏။ နတ်သမီးမျောက်များတွင် ပုံမှန်အားဖြင့် ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှု တစ်ခုသာရှိသည်။ ထိုအရာမှာ နဂါးဂိတ် နတ်သမီးသိုင်းကျွမ်းကျင်မှု ဖြစ်သည်။ သူသည် ဘယ်တုန်းကမှ နတ်သမီးမျောက်များတွင် နှစ်ခုမြောက် သိုင်းကျွမ်းကျင်မှု ရှိသည်ဟု မကြားခဲ့ဖူးပါ။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...