Zawgyi
အခန်း(၁၇) ရှေးဟောင်းအင်ပါယာမြို့တော်
အရိုးစစ်သားသည် မျိုးကွဲသတ္တဝါများတွင် အားအနည်းဆုံးဖြစ်၏။ သူတို့သည် နှေးကွေးပြီး အလယ်အလတ်သန်မာမှုနှင့် အားနည်းသော ကြံ့ခိုင်မှုရှိသည်။ ကျောင်းတွင် ထိုသတ္တဝါများကို ဘယ်လို ရင်ဆိုင်ရမည်ကို သင်ပေးထားသည်။ ပုံမှန်လေ့ကျင့်ထားသည့် အထက်တန်းကျောင်းသည်ပင် အရိုးစစ်သား တစ်ယောက်၊ နှစ်ယောက်ကို အသာလေး ကိုင်တွယ်နိုင်သည်။
ကျိုးဝမ်သည် အရိုးစစ်သားနှင့် တစ်ခါမှ မတိုက်ဖူးသော်လည်း သူပြောနိုင်သည်မှာ ပုရွက်ဆိတ်ကြီးအောက် အားနည်းနေပြီး အခြားခွန်အားနှင့် ကြံ့ခိုင်မှုမသိတောင် အမြန်နှုန်းမှာ အများဆုံး အဆင့်(၃)ပင် ဖြစ်သည်။
သူ၏ သွေးနီရောင်ကိုယ်ပွားကို ထိန်းချုပ်ပြီး ပြေးသွားလိုက်၏။ အရိုးစစ်သားက သူ၏ တင်းပုတ်နှင့် ကျိုးဝမ်ကို တိုက်ခိုက်ရာမှာ အလွန်နှေးနေပြီး သွေးနီရောင်ကိုယ်ပွားက အရိုးများတစ်စစီ ဖျက်ဆီးပြီးမှ တင်းပုတ် မြေပေါ်ကျလာသည်။
ဒင်
အရိုးပုံများကြားမှ မျိုးနွယ်ခြားအမြုတေ ကျလာသည်။ စီစစ်လိုက်သည်တွင် ထိုအရာမှာ အရိုးစစ်သားသိုင်း အမြုတေပင် ဖြစ်သည်။
ကျိုးဝမ် ကျေနပ်အံ့အားသင့်သွား၏။ ရှေးဉီးမူလစွမ်းအား သိုင်းကျွမ်းကျင်မှု အမြုတေ ကျရန်မှာ အလွန်နည်းသည်။ ရောက်ရောက်ချင်း တစ်ခုရသဖြင့် သူအလွန်ကံကောင်းသည်ဟု ဆိုရမည်။
အရိုးစစ်သား၏ ရှေးဉီးမူလစွမ်းအား သိုင်းကျွမ်းကျင်မှုအမြုတေ သည် အရိုးလက်ဝါးကိုသာ ထောက်ပံ့ပေးသည်။ ထိုအရာသည် တစ်ခါသာ ခွန်အားအချို့ကို မြှင့်တင်နိုင်သဖြင့် သက်ရောက်မှုအား သိပ်မကောင်းလှပေ။ ထို့အပြင် အဆင့်နိမ့်(၁) ရှေးဉီးမူလစွမ်းအားသိုင်း ကျွမ်းကျင်မှု ဖြစ်သည်။ကျိုးဝမ်သည် သူ့ကျောင်းမှ အချက်အလက်များကို ပြန်စဉ်းစားရင်း အနည်းငယ် စိတ်ပျက်သွားသည်။
အနီရောင်ကိုယ်ပွားသည် အရိုးစစ်သား အမြုတေကို ကောက်လိုက်သည်နှင့် တပြိုင်နက် အညိုရောင်အခိုးအငွေ့အသွင် ကိုယ်ပွားထဲသို့ ဝင်သွားသည်။
ကျိုးဝမ်သည်လည်း အေးစက်သော အငွေ့အသက်ကို သူ့ဖုန်းမှ သူ့လက်ဝါးဆီသို့ စီးဆင်းသွားသည်ကို ခံစားရသည်။ ထို့နောက် ထူးခြားသော ရှေးဉီးမူလစွမ်းအားသည် ကိုယ်အတွင်း ဖြစ်တည်လှည့်ပတ်နေ၏။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]