Zawgyi
အခန်း(၄၈) မိထွေး?
ကားကိုရှေ့သို့မောင်းရင်း သူမခေါင်းကို လုံးဝမလှည့်ဘဲ အန်ကျင့် ပြောလိုက်သည်။
“ ငါပေးပြီးတဲ့ပစ္စည်းကို ငါဘယ်တော့မှ ပြန်မယူဘူး၊ နင်မလိုချင်ရင် နင်ဖျက်ပစ်လိုက်ပြီး အဲဒါကို လွှင့်ပစ်လိုက်”
ကျိုးဝမ် USB Drive ကို သူ့အိတ်ကပ်အတွင်းထဲသို့ ထည့်လိုက်သည်။ ထိုအရာသည် အများကြီးမတန်သော်လည်း သူသည် အန်ကျင့်ကို ပြန်ပေးရန် မလိုအပ်တော့ချေ။
သူသည် နေမင်းဖြိုခွင်းကျင့်စဉ် မှန်ကန်လား ဆိုတာ မသိသော်လည်း အန်ကျင့်ပြောသလို သူဖျက်ပစ်လို့ရသည်။
လမ်းခရီးတစ်လျှောက်လုံး တိတ်ဆိတ်နေသည်။ မကြာမီ သူတို့သည် သူတို့၏ ဉီးတည်ရာနေရာကို ရောက်ရှိခဲ့ကြသည်။
ကျိုးဝမ် သည် လီရွှမ်၏ စံအိမ်သည် အလွန်အမင်း တန်ဖိုးကြီးသည်ကို သိသည်။ သို့သော် သူအခု ရောက်နေသည့်နေရာကို မြင်ရသောအခါ ဇိမ်ခံပစ္စည်း တန်ဖိုးကြီးသည့် အဓိပ္ပါယ်ကို နားလည်သွားသည်။ ထိုနေရာသည် ဉယျာဉ်ကြီး တစ်ခုလိုပင် ဖြစ်သည်။
အန်ကျင့်သည် ကားမောင်းရင်း အစီအစဉ်တကျနှင့် လှပနေသော ဉယျာဉ်တစ်ခုကို ကျော်ဖြတ်ခဲ့သည်။ နောက်ဆုံးပေါ် အဆောက်အဉီးများ မရှိသော်လည်း ယခုအဆောက်အဉီးများသည် ပတ်ဝန်းကျင်ရှိ ဉယျာဉ်နှင့် ပြည့်စုံစွာ ပေါင်းစပ်ထားနိုင်သည်။
ယှဉ်ပြီးကြည့်လျှင် ပြည့်စုံစွာ ဘက်ညီနေသည့်အတွက် အနုစိတ် ဒီဇိုင်းပညာရှင် တစ်ယောက်၏ လက်ရာမှန်း သိသာနေသည်။ သုံးခုတွဲ အဆောက်အဉီး တစ်လုံး၏ရှေ့တွင် အန်ကျင့်သည် ကားရပ်လိုက်ပြီး ကျိုးဝမ်ကို အဆောက်အဉီး၏ အဓိကတံခါးကြီးဆီသို့ တိုက်ရိုက်ခေါ်သွား၏။သူ ခန်းမကြီးဝင်ပေါက်ကို ဝင်ရောက်ပြီးနောက် ရင့်ကျက်ပြီး တင့်တယ်ပြေပြစ်သည့် အမျိုးသမီးတစ်ယောက်ကို ဆိုဖာပေါ်တွင် သူ့အဖေကျိုးလင်ဖုန်နှင့် အတူတူထိုင်နေသည်ကို တွေ့လိုက်သည်။
သူသည် အမျိုးသမီးကို အကဲခတ်လိုက်သည်။ သူ့အဖေ ကျိုးလင်ဖုန် ပို့ပေးထားသည့် ဓာတ်ပုံထဲမှာ ဖော်ပြထားသည့် အမျိုးသမီး ဖြစ်သည်။ သူမသည် အို့ယန်လန်ဖြစ်ပြီး အပြင်တွင် ပိုမိုလှပပြီး ကြီးမြတ်သည့် စိတ်နေစိတ်ထား ရှိသည်။ သူမ ရင့်ကျက်တည်ငြိမ်ပုံ ပေါ်လည်း အသက်(၃၀)သာ ရှိနေသေးသည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Aksiမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...