Zawgyi
အခန်း(၆၀) ကျေနပ်အောင်ပြုလုပ်ခြင်း
လီရွှမ်၏ ခွန်အားများအားလုံးသည် ပွင့်ဖတ်များကို ပိုင်းဖြတ်ရာတွင် အကုန်အသုံးပြုပြီး ဖြစ်သည်။ ထို့အပြင် သူသည် လေထဲတွင် ခုခံနိုင်ခြင်းမရှိပေ။ ကောင်းကင်ခရုကြီးမှာ လေထဲတွင် အလွန်နှေးသဖြင့် လီရွှမ်ကို လိုက်ဖမ်းရန်မှာ မဖြစ်နိုင်ပါ။ ခရုကြီးသည် လေပေါ် အမြင့်တွင် လေဟုန်စီးသည့် အမျိုးအစားဖြစ်သဖြင့် လီရွှမ်ဆီသို့ ချက်ချင်းဉီးတည်ရန်မှာ မဖြစ်နိုင်တော့ပါ။
ရုတ်တရက် လက်သီးတစ်ခုသည် လီရွှမ်၏ ခြေထောက်အောက်တွင် ပေါ်လာပြီး သူ၏ ဖိနပ်ကို ထိုးလိုက်သည်။ ကျိုးဝမ် ပျံပြီးလာ တလား!
လီရွှမ်သည် ခွန်အားအားလုံးကို ခြေထောက်ဆီပို့လိုက်ပြီး ကျိုးဝမ်၏ လက်သီးများပေါ် နင်းလိုက်ပြီး အားယူကာ အမြင့်ဆီသို့ ပျံသန်းလိုက်သည်။ ကျိုးဝမ်သည်လည်း အရှိန်ဖြင့် ထိုးကျသွားခြင်းဖြင့် ဖားပြုတ်ကြီး၏ အဆိပ်တိုက်ခိုက်မှုကို ရှောင်ပြီးသား ဖြစ်သွား ကြသည်။
လီရွှမ်သည် အရှိန်အဟုန်ဖြင့် ကြာခွက်ပေါ်သို့ ခုန်လိုက်ပြီး အောက်မှာရှိသည့် အဆိပ်ဖားကြီး၏ခေါင်းကို ခုတ်ပိုင်းလိုက်သည်။ ဆေဘာဓား လင်းလက်ပြီးနောက် လီရွှမ်သည် အမြန်နောက်ဆုတ်လိုက်ပြီး ကြာခွက်ပေါ်မှ ခုန်ထွက်လိုက်သည်။
ဘန်း…..!
အဆိပ်ဖားကြီးသည် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားပြီး အဆိပ်ရည်များသည် နေရာအနှံ့ကို မြှားများကဲ့သို့ ပျံသန်းကာ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသည်။
လီရွှမ်သည် နဂိုကပင် လေထဲတွင် ခုခံနိုင်ခြင်း မရှိဖြစ်နေချိန်တွင် ကောင်းကင်ခရုကြီးသည် အရှိန်မပြတ် လေထဲသို့ အချိန်မီလေး ရောက်ရှိလာကာ သူ၏ခန္ဓကိုယ်ကို လီရွှမ်နှင့် အဆိပ်ရည်များကြားတွင် ထားလိုက်သည်။
ကျိုးဝမ်သည် မျိုးကွဲအရိုးခြောက် ပုရွက်ဆိတ်ကြီးပေါ် ခြေကျသည်နှင့် တစ်ပြိုင်နက် တစ်ခါခုန်တက်လိုက်ပြန်သည်။ ၁၀ပေကျော် အကွာသို့ နောက်ပြန်ခုန်လိုက်ပြီး အဆိပ်ရည်စက်ကွင်းကို ရှောင်လိုက်သည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...