Zawgyi
အခန်း(၈၆) ကောင်းကင်ဘုံသည် ညာဘက်မှာရှိသည်
“ဒီမှာ ဘာမှ လျှို့ဝှက်နေစရာမလိုဘူး၊ လိုရင်းကိုပြောလိုက်”
အန်ထျန်းကျိုသည် ထူးမခြားနား ပြောလိုက်ပြီး ချောင်းစစ်ယွမ် ကိုပင် ကြည့်မနေပါ။
ချောင်းစစ်ယွမ် နှလုံးအနည်းငယ် တုန်ယင်နေပြီး ဒီနေ့ဖြစ်ရပ်များကို ဖုံးကွယ်ထားလို့မရကြောင်း နားလည်သဘောပေါက်သွားသည်။
“ကြီးကြပ်ရေးမှူး လစ်ဇ် နှင့် အဖွဲ့က ကျွန်တော်တို့ အထက်ပိုင်းက အမိန့်ကြောင့် လှုပ်ရှားရခြင်း ဖြစ်ပါတယ်၊ အခုကိစ္စတွေက သူတို့နဲ့ ပတ်သက်ခြင်း မရှိပါဘူး၊ သူတို့ကို ဆေးရုံပို့ဖို့ ခွင့်ပြုနိုင်မလား?”
ချောင်းစစ်ယွမ်သည် အသက်ပင်မရှုနိုင်ဘဲ ပြောလိုက်သည်။
“အထက်က ဘယ်သူတွေလဲ?”
အန်ထျန်းကျို သည် ယခင်အမူအရာ အတိုင်း ဆက်လက်မေးမြန်းလိုက်သည်။
“ကြီးကြပ်ရေးမှူး ဆရာအနေနဲ့ ကျင့်တာရှန်းအကြောင်း ကြားဖူးထားတယ် မလား?”
“အဖွဲ့ချုပ်၏ အဆိုးရွားဆုံး ရာဇဝတ်သား”
ချောင်းစစ်ယွမ်က ဆက်ပြောလိုက်သည်။
“ကျင့်တာရှန်းက အဖွဲ့ချုပ်ရဲ့ အဆင့်မြင့်အရာရှိကြီးများကို အဖွဲ့ချုပ်အစိုးရရုံးခန်းမှာ သတ်ဖြတ်ခဲ့တယ်၊ အဲဒါက အဖွဲ့ချုပ်ရဲ့ အင်အားကို ထက်ဝက်လျော့ကျစေပြီး အရင်အင်အားပြန်ရအောင် ၁၀နှစ်လောက် အချိန်ယူခဲ့ရတယ်၊ ဆီးနိတ်က ကျင့်တာရှန်းနဲ့ ပတ်သက်သမျှကို အရေးကြီးကိစ္စအဖြစ် အမြဲထားခဲ့တယ်၊
ဒီနှစ်တွေအတွင်းမှာ အဖွဲ့ချုပ်က သူ့ကို ဖမ်းမိဖို့ နည်းမျိုးစုံကြိုးစားခဲ့တယ်၊ ကျွန်တော့တို့ အထူးစုံစမ်းရေး ဗျူရိုကလည်းပဲ ဒီအမှုကို အင်အားရှိသမျှ ပူးပေါင်းပါဝင်ခဲ့ပါတယ်၊ ရက်အနည်းငယ်တုန်းက ကျွန်တော့်တို့ ကျင့်တာရှန်းနဲ့ ကျိုးဝမ်တို့ အပြန်အလှန် ဆက်သယ်မှုရှိတာကို တွေ့ခဲ့တယ်”
“အိုး……မင်းပြောတာ ကျင့်တာရှန်း ရဲ့ ကြံရာပါက ကျိုးဝမ်လို့ ဆိုလိုချင်တာလား?”
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Aksiyonမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...