Zawgyi
အခန်း(၁၂) စာတစ်ကြောင်း၏ အရှိန်အဝါ
“ ဘာကြောင့်လဲ”
ကျိုးဝမ် ဖန့်ရောရှီ ကို စိုက်ကြည့်ပြီး မေးလိုက်၏။
ဖန့်ရောရှီသည် ကျိုးဝမ်အကြည့်ကို ရှောင်ရှားကာ မျက်လုံးချင်း မဆုံစေပဲ
“ မမေးပါနဲ့၊ ပြောရရင် ငါ့အမှားပါ”
ကျိုးဝမ်သည် ပြုံးရင်းနှင့် ဖန့်ရောရှီ၏ ခေါင်းကို ညင်သာစွာ ပွတ်လိုက်ပြီး
“ငါကပဲ တောင်းပန်ရမှာပါ၊ တစ်စုံတစ်ယောက်က ငါ့ကို ထွက်စေချင်နေတာ၊ ဒါက မင်းတို့ကို ဝန်လေးစေမိပြီ၊ အခု အချိန်ရှိသေးတယ် မင်းတို့ အခြားအသင်းဖော်တစ်ယောက် ရှာလိုက်ပါ၊ အကောင်းဆုံးအောင်မြင်အောင် လုပ်နော်၊ ဒါမှ ငါစိတ်အေးရမှာ၊ ပြီးတော့ ထျန်ရှန်းတောင် နဲ့ လီကျစ်ကိုလည်း ငါကတောင်းပန်တယ် ပြောပေးဉီး”
ဖန့်ရောရှီသည် ကျိုးဝမ်ကို ကြောင်အစွာ ကြည့်နေမိ၏။ သူမ မျက်နှာတွင် ရှုပ်ထွေးသောအမူအရာများ ပေါ်နေ၏။ ဆုံးရှုံးခြင်း၊ အပြစ်ရှိခြင်း၊ အဓိပ္ပါယ်ဖော်ပြရန် ခက်ခဲခြင်းများ ပါဝင်သည်။
“ကောင်းပြီ သွားတော့မယ် ငါလည်း အလုပ်ကြိုးစားရဉီးမယ်”
ကျိုးဝမ် အပြုံးနှင့် လက်ပြနှုတ်ဆက်ပြီး ထွက်သွားလိုက်၏။
ဖန့်ရောရှီသည် ကျိုးဝမ်ထွက်သွားသည်ကို ရပ်ကြည့်ရင်း နောက်ကျောကြည့်ပြီး အနည်းငယ် ကွာလှမ်းသွားသောအခါ သူမ တစ်ကိုယ်လုံးတုန်လှုပ်လျက်
“ကျိုးဝမ် ငါလည် မင်း ဘယ်လိုလူကို စိတ်ဆိုးအောင်လုပ်ခဲ့လဲ မသိဘူး၊ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်က အရမ်း စွမ်းအားကြီးတယ်၊ မင်းသတိထားဖို့ လိုအပ်တယ်”
ကျိုးဝမ် ဘာမှမပြောဘဲ ခေါင်းလှည့်၍ ပြုံးပြပြီး သွက်လက်စွာ အဝေးသို့ ထွက်ခွာသွားသည်။
ကျိုးဝမ် သူ့တွင် အချိန်သိပ်မကျန်တော့ သည်ကို သိလိုက်၏။ လီကျစ် မိသားစုသည် ပုံမှန်ဖြစ်သော်လည်း ထျန်ရှန်းတောင် မှာမူ လမ်းပြမြို့တွင် အင်အားကြီး မိသားစုဖြစ်သည်။ ဖန့်ရောရှီ မိသားစုမှာမူ ပိုပြီးတောင် အင်အားကြီးသေးသည်။ သူမ၏ အဖေသည် မြို့တော်၏ အဆင့်မြင့်အရာရှိဟု သတင်းထွက်ပြီး စွမ်းအားကြီးလှ၏။
တစ်စုံတစ်ယောက်သည် ထိုမိသားစု(၃)စုထက် စွမ်းအားပိုကြီးသည့် အရည်အချင်း ရှိပုံရသည်မှာ ကြောက်စရာကောင်းလှ၏။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...