Chapter 21

25 7 0
                                    

Zawgyi

အခန်း(၂၁) မမျှော်လင့်သော အဖြစ်အပျက်

လီရွှမ် စကားမပြောခင် ရှုမြန်ထူက

“အချိန်စောသေးတယ်၊ အခုလက်ရှိ အရိုးပုတီးစေ့ အရေအတွက်က ပထမနေရာ ရဖို့ မသေချာသေးဘူး၊ ငါတို့ အရှေ့ဆက်သွားဖို့ လိုတယ်?”

ကျန်းဟောက် လည်း မြေပုံကို ကြည့်လိုက်ပြီး

“ မြေပုံအရဆိုရင်တော့ အခု ဧရိယာက လုံခြုံနေသေးတယ်၊ ငါတို့ နောက်ထပ် ၁၀ကီလိုမီတာလောက် သွားရင်တောင် အန္တရာယ်မရှိနိုင်ဘူး”

လီရွှမ် သူ့ဖုန်းထဲက မြေပုံကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်ရာ

“အချက်အလက်အရ ဒီမှာ သူရဲကောင်းအဆင့် သတ္တဝါတွေ အနီးပတ်ဝန်း ကျင်မှာ မရှိဘူး၊ အနည်းငယ် ရှေ့ဆက်သွားလို့ ရလောက်တယ်၊ ငါတို့ အရိုးပုတီးစေ့ အနည်းငယ်ထပ်ရရင် အမှန်တကယ် အောင်နိုင်သူ ဖြစ်ပြီ၊ ငါတို့ သေချာအောင် လုပ်ဖို့လိုတယ်”

ကျိုးဝမ် သူတို့ကို ရှေ့ဆက်မသွားဖို့ ဖျောင်းဖျနိုင်မှာ မဟုတ်မှန်း သိလိုက်သည်။ အကယ်၍ မတားနိုင်ခဲ့၍ သူတို့သည် အရိုးခြောက်ဗိုလ်ချုပ်နှင့် တွေ့ပြီး သေဆုံးခဲ့လျှင် အကျိုးဆက်မှာ သူ့ရလဒ်ပေါ် သက်ရောက်စေမည် ဖြစ်သည်။

ကျိုးဝမ်၌ တက္ကသိုလ်ကောင်းကောင်း တက်ပြီး အဆင့်မြင့် လူ့အသိုင်းအဝိုင်းကို ဝင်ဆန့်ရန် ရည်ရွယ်ချက်မရှိသော်လည်း ဂုဏ်သိက္ခာမြင့်သော ကျောင်းတစ်ခုသို့ ဝင်ရောက်ချင်သေးသည်။ သူတို့ထဲက တစ်ယောက်ယောက် သေလျှင်ပင် ထိပ်တန်း တက္ကသိုလ်ဝင်ရန်မှာ အလွန်အမင်း နည်းပါးသွားပြီ ဖြစ်သည်။ သူဘယ်လောက်ပဲ အခြားအရာများကို ကောင်းအောင်လုပ်ပါစေ၊ သူသည် ပထမအဆင့် တက္ကသိုလ်သာ တက်ရမည်ဖြစ်သည်။ ထိုအရာသည် ကျိုးဝမ်လိုချင်သော အရာမဟုတ်ပေ။

“လီရွှမ် မင်း ဆဌမအာရုံကို ယုံလား”

လီရွှမ်သည် ရုတ်တရက် အဖြေမပေးဘဲ စိတ်ဝင်စားသည့် အမူအရာ ပြလာသည်။

“ငါ့ဆဌမအာရုံက အခြားလူတွေထက် ထက်မြက်တယ်၊ ငါငယ်ငယ်လေးကတည်းက အန္တရာယ်မတွေ့ခင် ခံစားနိုင်တဲ့အစွမ်း ရှိတယ်၊ အဲ့ခံစားချက်က ငါ့ကို နေထိုင်ရ မသက်မသာဖြစ်စေတယ်၊ အန္တရာယ်ကို ကြိုမြင်တာတော့ မဟုတ်ဘူး၊ အများအားဖြင့်တော့ ပြဿနာ မကြာခင် တက်လေ့ရှိတယ်”

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now