Zawgyi
အခန်း(၉၃) ကြာပန်းပုရွက်ဆိတ်
ဂိမ်း၏ စနစ်မှ နှစ်ခုပေါင်းစပ်မှု အောင်မြင်မှုရာခိုင်နှုန်းကို ၃၄% ပေး ထားသည်။ ဆိုလိုရင်းမှာ အောင်မြင်စွာ ပေါင်းစပ်နိုင်မှုမှာ သုံးပုံတစ်ပုံ ဖြစ်နိုင်သည်။ ၎င်းမှာ အတော်နည်းပါးသည့် ဖြစ်နိုင်ချေ ဖြစ်သည်။
သို့သော်လည်း မျိုးကွဲဗုဒ္ဓနှလုံးသားကြာပန်းမှာ အလွန်ကောင်းမွန် သည့်အတွက် ကျိုးဝမ်အနေဖြင့် အမှန်တရားနားထောင်သူတို့ကို မကျွေးနိုင် ဖြစ်နေသည်။ ထို့အပြင် သားရဲဉကို အပြင်သို့ထုတ်ယူဖို့ နည်းလမ်းလည်းမရှိ ဖြစ်နေသောကြောင့် ဖြစ်သည်။
မျိုးကွဲအရိုးခြောက် ပုရွက်ဆိတ်ကြီး အနေဖြင့် သေမျိုးအဆင့်တွင် တော်တော်ကောင်းမွန်သည့် တွဲဘက်သားရဲ ဖြစ်သော်လည်း ၎င်းမှာ သေမျိုးအဆင့် ကန့်သတ်ချက်ဖြစ်နေသည်။ ငွေတောင်ပံပုရွက်ဆိတ်ပျံကြီး အတွက်မူ လိုအပ်ချက်မှာမူ လျော့နည်းနေပြီဖြစ်သည်။ အကယ်၍ သူသည် တွဲဘက်သားရဲဥကို ပေါင်းစပ်မှုအဖြစ် အသုံးမပြုပါက ဂိမ်းအတွင်းမှ ပျောက်ကွယ်သွားမည်ဖြစ်သည်။
ထို့ကြောင့် မြောက်မြားစွာသော အတွေးများနောက်တွင် ကျိုးဝမ် တွဲဘက်သားရဲနှစ်ကောင် ပေါင်းစပ်မှုကိုသာ စွန့်စားပြီးလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျိုးဝမ် သည် မျိုးကွဲအရိုးခြောက် ပုရွက်ဆိတ်ကြီး နှင့် မျိုးကွဲဗုဒ္ဓနှလုံးသား ကြာပန်း တွဲဘက်သားရဲဉ ပေါင်းစပ်မှုဖြစ်စဉ်ကို ပြုလုပ်ရန် ရွေးချယ်လိုက်ပြီးနောက် ဂိမ်းစနစ်မှ ချက်ချင်းပင် သတိပေးချက်တစ်ခု ပေးလိုက်သည်။
“မျိုးကွဲအရိုးခြောက် ပုရွက်ဆိတ်ကြီးသည် အရွယ်ရောက်ပြီးဖြစ်၊ မျိုးကွဲဗုဒ္ဓနှလုံးသားကြာပန်း တွဲဘက်သားရဲဥ သည် အထောက်အပံ့အဖြစ် ပေါင်းစပ်ပါမည်၊ ပေါင်းစပ်ခြင်းကို လုပ်ဆောင်ပါမည်လား?”
ထိုအရာမှာ အရင်ဖြစ်ခဲ့သည့်အချိန်တိုင်းပင် ဖြစ်သည်။ ကျိုးဝမ် သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် သဘောတူသည်ကို ရွေးချယ်လိုက်သည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...