Chapter 90

17 6 0
                                    

Zawgyi

အခန်း(၉၀) နတ်ဆိုးဗိုလ်ချုပ်ကို လက်ဝါးတစ်ချက်နှင့် သုတ်သင်ခြင်း

ကျောက်စိမ်းမျက်လုံး အဖြူရောင်ကျားကြီးကို သတ်ဖြတ်ပြီးနောက် နတ်ဆိုးဗိုလ်ချုပ်မှာ ရပ်တန့်မည့် ပုံမပေါ်သေးပါ၊ ၎င်းသည် ထူးဆန်းသည့်လှံကို လက်တစ်ဘက်ဖြင့် မြှောက်ကိုင်လိုက်ပြီး  လခြမ်းကွေးပုံစံ ဘေးစောင်းဓားအလင်းကို အနက်ရောင်စစ်ဘုရင်၏ ခါးဆီသို့ ကြောက်စရာကောင်းသည့် မီးတောက်များနှင့် ဝှေ့ယမ်းလိုက်သည်။

အနက်ရောင်စစ်ဘုရင်၏ ကိုယ်ခန္ဓာတစ်ဝက်မှာ မြေကြီးအတွင်း နစ်မြှုပ်နေသဖြင့် ၎င်းသည် လှုပ်ရှားလို့ပင်မရ ဖြစ်နေသည်။ တိုက်ခိုက်မှုသာ ကျရောက်လာပါက ခေါင်းနှင့်ကိုယ်သည် သံယောဇဉ် ပြတ်သွားနိုင်သည်။

“မြန်မြန်ထွက်သွားတော့”

လီရွှမ် အေးဆေးနိုင်မည့်အချိန် မရှိတော့သဖြင့် သူ့တွဲဘက်သားရဲကိုသာ ငိုသံပါကြီးဖြင့် အော်လိုက်သည်။ ဓား နတ်ဆိုးဗိုလ်ချုပ်မှာ အလွန်မြန်ဆန်ပြီး စွမ်းအားပြင်းသည်။ ကျောက်စိမ်းမျက်လုံး အဖြူရောင်ကျားကြီးနှင့် အနက်ရောင်စစ် ဘုရင်တို့ကို သတ်ဖြတ်ခြင်းသည် လီရွှမ်ထင်မှတ်ထားသည်ထက် ပိုမိုကျော်လွန်နေသည်။ အကယ်၍ သူတို့သာ အလျင်အမြန် ရွေ့လျားမသွားခဲ့လျှင် နောက်တစ်ခါ ထပ်မှီသွားနိုင်သည် ဖြစ်သည်။

ရုတ်တရက် ပုံရိပ်တစ်ခုသည် လီရွှမ် ခေါင်းပေါ်မှ ကျော်သွားပြီး နတ်ဆိုးဗိုလ်ချုပ် အထက်ကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားသည်။ ထို့နောက် နှစ်ခုကွဲထွက်သွားသည်။

ကျိုးဝမ် သည် ငွေတောင်ပံတွဲဘက်သားရဲပုံစံ မှ ငွေတောင်ပံပုရွက်ဆိတ်ပျံကြီးအဖြစ် ပြန်ဆင့်ခေါ်လိုက်ပြီး ကျောပေါ်မှစီးနင်းကာ နတ်ဆိုးဗိုလ်ချုပ်ခေါင်းပေါ် အလျင်အမြန် ပျံသန်းသွားသည်။

နတ်ဆိုးဗိုလ်ချုပ်သည် သူ၏ဘယ်လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အရောင်များတောက်ပလာပြီး အလင်းတန်းကဲ့သို့ ဓားအလင်းသည် မယုံကြည်နိုင်လောက်သည့် အရှိန်ဖြင့် ရွေ့လျားလာသည်။ တစ်ချိန်တည်း ခုတ်ချလိုက်သည်နှင့် ဓားအလင်းသည် ပုရွက်ဆိတ်ပျံကြီးရှေ့ ရောက်နေပြီ ဖြစ်သည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now