Zawgyi
အခန်း(၆၃) ငါမင်းကို အချိန်(၃)လပေးမယ်
ဒီနေ့သည် ရာသီဥတုဟာ အလွန်သာယာနေသည်။ ကျိုးဝမ် ထိုင်ခုံ တစ်လုံးကို ယူဆောင်ပြီးနောက် ခြံကွက်လေးထဲတွင် အပန်းဖြေအနားယူရင်း နေစာလှုံပြီး ဂိမ်းဆောာ့နေသည်။
ကျောင်းသည် တရားဝင်ဖွင့်လှစ်ခြင်း မရှိသေးသဖြင့် လေ့ကျင့်ခန်းများနှင့် တာဝန်များ မထမ်းဆောင်ရသေးပါ။ ကျိုးဝမ်သည် လက်ရှိ ဘဝကို တော်တော်ကျေနပ်နေသည်။
သူသည် အဆက်မပြတ် သွေးနီရောင် ဗုဒ္ဓနှလုံးသားကြာပန်းကြီးကို တစ်ယောက်တည်းသတ်နိုင်ရန် ကြိုးစားနေသည်။ သို့သော် အကြိမ်တိုင်း ရှုံးနိမ့်နေသည်။ သို့သော် သူ့ကြိုးစာမှုများ အလကားမဖြစ်လို့ တော်သေးသည်။ သူသည် သာမန်ဗုဒ္ဓနှလုံးသားကြာပန်း တွဲဘက်သားရဲဉ တစ်လုံး ရရှိခဲ့သည်၊ သို့သော် ထိုအရာသည် လျင်မြန်စွာ ငွေတောင်ပံပုရွက်ဆိတ်ပျံကို ကျွေးမွေးလိုက်ရသည်။
ပုံမှန်တွဲဘက်သားရဲများသည် သူ၏ သခင်အပေါ်တွင် မူတည်ပြီး ရှေးဉီးမူလစွမ်းအားများကို သခင်ဆီမှ ထုတ်လွှတ်သည်ကို အသက်ရှင်သန်မှုအတွက် စုပ်ယူကြသည်။ ဒဏ်ရာများကိုလည်း ဘာမှ စားစရာမလိုဘဲ ဖြည်းညင်းစွာ ပြန်လည်သက်သာနိုင်စွမ်း ရှိသည်။ အကောင်းဆုံးမှာ ရှေးဉီးမူလစွမ်းအား အမြုတေအချို့မှ စုပ်ယူခြင်းသည် လျင်မြန်စွာ ပြန်လည်သက်သာစေသည်။
သို့သော်လည်း ငွေတောင်ပံပုရွက်ဆိတ်ပျံ သည် တွဲဘက်သားရဲဉ သို့မဟုတ် တွဲဘက်သားရဲများ လိုအပ်ပြီး မဟုတ်လျှင် ဂိမ်းသည် အဆက်မပြတ် ဆာလောင်ခြင်း သတိပေးချက်များ သူ့ဆီ ပို့တော့သည်။ အစပိုင်းတွင် ကျိုးဝမ်သည် မကျိုးကျွံပြုထားသော်လည်း များမကြာမီ ယခုအတိုင်း ဆက်လက်ဖြစ်နေပါက ငွေတောင်ပံ ပုရွက်ဆိတ်ပျံသည် ရှည်ကြာသော ဆာလောင်ခြင်းအခြေအနေ ကြောင့် ၂၄နာရီအတွင်း ပျောက်ကွယ် သွားနိုင်ကြောင်း ဂိမ်းမှဖော်ပြလာသည်။
ထို့ကြောင့် ကျိုးဝမ်သည် ရွေးချယ်စရာမရှိတော့ဘဲ ဗုဒ္ဓနှလုံးသားကြာပန်း တွဲဘက်သားရဲဥကို လက်ထဲမှဖိအားပေး ကျွေးလိုက်ရသည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...