Chapter 94

23 6 0
                                    

Zawgyi

အခန်း(၉၄) စိတ်နိဗ္ဗာန် မော်ကွန်းကျောက်တိုင်

ဝမ့်ဖေး သည် စီစဉ်ထားသည်များကို ယခုကဲ့သို့ အရှုံးမပေးနိုင်သည် မှာ သေချာနေသည်။ သူမသည် အကြံဉာဏ်ပေးသူတစ်ယောက် (သို့) အို့ယန်လန်၏ သူငယ်ချင်းကောင်း ဖြစ်နေခြင်း မဟုတ်လျှင်လည်း ကျိုးဝမ်ကဲ့သို့ အရည်အချင်းရှိသည့် လူတစ်ယောက် ဂိမ်းစွဲလမ်းနေခြင်းမှ ကယ်တင်ရန် တာဝန်ရှိသည်ဟု ယုံကြည်ထား၏။

“နင်က ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့ မရည်ရွယ်ထားမှတော့ ငါမင်းကို အပြင်အင်အားအကူအညီက အရေးကြီးတယ်ဆိုတာကို မင်းနားလည်အောင် ငါလုပ်ပြမယ်”

ဝမ့်ဖေး ၏ မျက်လုံးများသည် အကြံဉာဏ်ထွက်ပေါ်လာစေရန် လှုပ်ရှားနေ၏။

သို့သော်လည်း သူမ၏ အကြံဉာဏ်များမှာ ချက်ချင်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါ။ သူသည် နတ်ဆိုးဗိုလ်ချုပ် သတ်ဖြတ်ခြင်း တာဝန်ပြီးဆုံးအောင် စောင့်ဆိုင်းရန် လိုအပ်နေသည်။ ပြီးမှ သူမသည် ကျိုးဝမ်ကို အိမ်စာတာဝန်အသစ်များဖြင့် ခက်ခဲမှုများကို ရင်ဆိုင်ရန် ဖိအားပေးမည် ဖြစ်သည်။

“နောက်အိမ်စာတာဝန်တွေကို စီစဉ်တဲ့အခါ ဒင်းပေါ်လာအောင် ငါ ဒီငနာကို ကျင့်ရှစ်တောင်ဆီ ခရီးထွက်အောင် လုပ်ဖို့လိုအပ်တယ်”

ဝမ့်ဖေး မျက်လုံးများ စိတ်လှုပ်ရှားမှုများကြောင့် တဖျတ်ဖျတ် မျက်တောင်ခတ်သွားသည်။

ကျင့်ရှစ်တောင်ကို လောင်ကျွင့်တောင် ဟုလည်း လူသိများကြ၏။ ၎င်းသည် ကီလိုမီတာ ၄၀၀ ရှည်လျားသည့် ဖူနျိုတောင်တန်း၏ အဓိက တောင်ထွဋ် ဖြစ်သည်။ ရိုးရာပုံပြင်များအရ တာအိုတည်ထောင်သူ လီအာ သည် သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည့် နေရာဖြစ်သည်။ ပုံပြင်များသည် အတည်ဟုတ်မဟုတ် မပြောနိုင်သော်လည်း လောင်ကျွင့်တောင်သည် ချိတ်ဆက်မှုမုန်တိုင်း တိုက်ခတ်သည့်အခါ ချိတ်ဆက်မှုနယ်မြေ ဖြစ်လာသည်။ ထို့ပြင် ၎င်းနေရာသည် ထူးဆန်းမှုများ စတင်ဖြစ်ပေါ်လာသည်။

တစ်ခြားချိတ်ဆက်မှု နယ်မြေများသည် မျိုးနွယ်ခြားသတ္တဝါများ၏ အလွန်အမင်း ရက်စက်ရန်လိုမှုများကြောင့် အန္တရာယ်များဖြင့် ဝရုန်းသုန်းကား ဖြစ်နေသည်။ သို့သော် လောင်ကျွင့်တောင်ရှိ မျိုးနွယ်ခြား သတ္တဝါများသည် အကြောင်းပြချက်မရှိဘဲ လူသားများကို တိုက်ခိုက်ခြင်းမရှိကြပါ။ ၎င်းတို့သည် ဘယ်တုန်းကမှ မည်သူကိုမဆို ဒဏ်ရာ ရရအောင်ပင် မလုပ်ကြပါ။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now