Chapter 102

53 6 1
                                    

Zawgyi

အခန်း(၁၀၂) မျက်လုံးသုံးလုံးနှင့် တောင်ဆိတ်

ကျိုးဝမ်သည် လျှို့ဝှက်စွာဖြင့် ဖုန်းမျက်နှာပြင်ပေါ်သို့ သွေးတစ်စက် ချလိုက်သည်။ သွေးနီရောင်ကိုယ်ပွားသည် အသက်ရှိနေသေးသော်လည်း သူသည် သွေးတစ်စက်ချလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏သွေးသည် လက်ရှိအခြေအနေကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ သွေးနီရောင်ကိုယ်ပွား၏ လက်ရှိအခြေအနေမှာ ယခင်က အခြေအနေဖြစ်နေသောကြောင့် လက်ရှိအခြေအနေ ဖြစ်စေရန် သွေးတစ်စက် သုံးလိုက်ခြင်းဖြစ်သည်။

ကျိုးဝမ်

အသက်                           : ၁၆

ဘဝပုံစံအဆင့်                  : သေမျိုးအဆင့်

ခွန်အား                            : ၁၀

လျင်မြန်မှု                         : ၁၀

ကြံ့ခိုင်မှု                             : ၁၁

ရှေးဦးမူလစွမ်းအား             : ၁၁

ရှေးဦးမူလစွမ်းအားကျင့်စဉ်       : ပျောက်ဆုံးအင်မော်တယ်ဆုဒြာ

ရှေးဦးမူလစွမ်းအားသိုင်ကျွမ်းကျင်မှု :
- နတ်ဘုရားလက်သီး
- ပျက်သုဉ်းခြင်းလက်ဝါး
- သွေးစင်ကြယ်ခြင်း
- ထိုးဖောက်ခြင်းလက်ဝါး
- နဂါးဂိတ်နတ်သမီးသိုင်း

တွဲဖက်သားရဲ     :
- အမှန်တရားနားထောင်သူ
- ငွေတောင်ပံပုရွက်ဆိတ်ပျံကြီး
- မျိုးကွဲကြာပန်းပုရွက်ဆိတ်

“ငါ့ရဲ့ ရှေးဦးမူလစွမ်းအား က ၁၁ ကို ရောက်သွားတာပဲ၊ ငါ့ရဲ့ ရှေးဦးမူလစွမ်းအား ကျင့်စဉ်က ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ်ပဲ ဖြစ်နေပြီး အသစ်ထပ်တိုးမလာပါလား”

ကျိုးဝမ် သည် သူ၏ အချက်အလက်များကို ကြည့်ပြီး အတွေးများ ယောက်ယက်ခတ်သွားသည်။

ဂိမ်းတွင်ပြထားသည့် သူ၏ ရှေးဦးမူလစွမ်းအား ကျင့်စဉ်မှာ ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ် ဖြစ်နေသည်။

ထိုအဓိပ္ပါယ်မှာ သူသည် မည်သည့်အရာမှ အသစ်မကျွမ်းကျင်ကြောင်း ပြနေ၏။ သို့သော် သူသည် အသေးစား ဉာဏ်ပညာပြည့်စုံခြင်း နှင့် စကားလုံးမဲ့ မော်ကွန်းတိုင်ကျင့်စဉ်ကို လွတ်လပ်စွာ ပြောင်းလဲအသုံးပြုနိုင်သဖြင့် အမှန်တယ်ကို ဆန်းကြယ်နေသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now