Zawgyi
အခန်း(၃၉) ဖြူကောင်သိုင်းကျွမ်းကျင်မှု
လူတိုင်းသည် စိုးရိမ်မှုများဖြင့် ရစ်ပတ်နေသည်။ ကောင်းယန်နှင့် စုမိန်သည်ပင် အံ့ဩသွားသည်။ သူတို့သည် ကူတိအန်ကို ငှားရမ်းခဲ့သော်လည်း သူသည် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ လီဝေ့ယန် အမှန်တကယ် ဆိုးရွားစွာ ဒဏ်ရာရခဲ့ပါက ကိစ္စများသည် တစ်စတစ်စ ကျယ်ပြန့်လာမည် ဖြစ်သည်။
သူမသည် လီမိသားစု၏ တရားဝင်မဟုတ်သော သမီးတစ်ယောက် ဖြစ်ပြီး လီမိသားစု အိမ်ဝင်းအတွင်း ဘယ်တော့မှ ဝင်ခွင့်မရှိသော်လည်း သူမသည် နောက်ဆုံးတွင် လီမိသားစုသွေးများ သူမ၏သွေးကြောများတွင် စီးဆင်းနေဆဲဖြစ်သည်။ တစ်စုံတစ်ခု သူမအပေါ် အမှန်တကယ် ဖြစ်ပျက်လာပါက လီမိသားစုသည် မသိကျိုးကျွံ နေရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ကျိုးဝမ်၏ အသံကို ကြားလိုက်ရသောအခါ လူတိုင်း၏ စိတ်ဖိစီးမှု အခြေအနေကို ထွက်ပေါက်တစ်ခု ချက်ချင်း စီစဉ်ပေးလိုက်သလို ဖြစ်သွားသည်။ လီဝေ့ယန်နှင့် ကူတိအန်သည်ပင် သူ့ကို လှမ်းကြည့်လိုက်ကြသည်။
“ကျောင်းနေဖက် သူငယ်ချင်းလေး၊ နေဝင်ချိန်ကောလိပ်ရဲ့ ကျောင်းသားမှန်ရင် ကြိုးဝိုင်းအတွင်း ဝင်ခွင့်ရှိတယ်လို့ ပြောခဲ့တယ်မလား”
ကျိုးဝမ် သည် စုမိန်ကို မေးလိုက်သည်။
“မှန်တယ်လေ မင်းက ဘာကိုပြောချင်လို့လဲ”
စုမိန် သည် ကျိုးဝမ် ဘာကိုဆိုလိုချင်သည်ကို မသိပေ။
“ငါက နေဝင်ချိန်ကောလိပ်ကို လျှောက်ထားဆဲပဲ ရှိသေးတယ်၊ ကျောင်းဝင်ခွင့် မရသေးဘူး၊ ငါ့ကို ကြိုးဝိုင်းအတွင်း ဝင်ခွင့်ပေးမှာလား?”
ကျိုးဝမ် မေးလိုက်သည်။
သူစိတ်ကူးထားသည်မှာ စုမိန်က မရဘူး ပြောလျှင် သူသည် ထိုအခွင့်အရေးကို အသုံးချပြီး လီဝေ့ယန်ကို ကြိုးဝိုင်းအတွင်းမှ ဆွဲထုတ်ပြီး အိမ်စောစောပြန် ဂိမ်းနှိပ်ရန် ဖြစ်သည်။
ထိုသို့ကြားရသည်နှင့် စုမိန်သည် ဟားတိုက်ရယ်လိုက်ရင်း
“ဒါဆို မင်းက ငါတို့ နေဝင်ချိန်ကောလိပ်ရဲ့ ဂျူနီယာလေးပဲ၊ မင်းက မိန်းကလေးတွေကို ချစ်ခင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတဲ့ကောင်လေးလား ဆိုတာတော့ ငါမပြောနိုင်ဘူး၊ ဒါပေမယ့် စီနီယာတစ် ယောက်အနေနဲ့ ငါမင်းကို ပူပင်သောကရောက်နေတဲ့ မိန်းမပျိုလေးကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ အခွင့်အရေး တစ်ခုပေးလိုက်မယ်၊ မင်းဆန္ဒရှိတယ်ဆို လုပ်နိုင်တယ်၊ ဒါပေမယ့် မင်းဒဏ်ရာရခဲ့ရင်တော့ ငါကမင်းကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်၊ တက္ကသိုလ်နဲ့ ကျောင်းက တူတာမဟုတ်ဘူးကွဲ့”
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...