Chapter 20

27 7 0
                                    

Zawgyi

အခန်း (၂၀) ဖျောင်းဖျခြင်း

သုံးယောက်၏ အမူအရာကို မြင်ရသည်နှင့် ကျိုးဝမ် သူ၏ ဖျောင်းဖျမှုမှာ လုံးဝအသုံးမဝင်တော့ကြောင်း သိလိုက်သည်။
သူသည် နောက်တွင် နေခဲ့လိုသည်။ ထိုသုံးယောက် မည်သည့် အရာနှင့်တွေ့တွေ့ သူ မသိကျိုးနွံပြု နေနိုင်သည်။ သို့သော် သူတို့(၃)ယောက် အထဲတွင် သေဆုံးသွားပါက သူ၏ရလဒ်ကို အကျိုးသက်ရောက် နိုင်သည်။ သူသည်လည်း ထိပ်တန်းကျောင်းများတွင် တက်ရောက်ရန် မဖြစ်နိုင်တော့ချေ။
ဆရာယုချိုးပိုင်သည်လည်း သူ့ကို မိတ်ဆက်ပေးထားသဖြင့် လီရွှမ် ရလဒ်ကောင်းရအောင် ကူညီရန် သူ့တွင် တာဝန်ရှိနေသည်။

လီရွှမ်သည် သိပ်မတွေးသော်လည်း ကျိုးဝမ် အနေဖြင့် လီရွှမ်သေမည့်နေရာကို သူ့ကိုယ်သူ သွားနေသည်ကို မမြင်လိုပေ။ ထိုအရာက ဆရာယုချိုးပိုင်၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ပြီး လီမိသားစုမှလည်း ဆရာယုချိုးပိုင်ကို အပြစ်တင်လာနိုင်သည်။

“သူတို့ လုံးဝအတွင်းပိုင်းထိ မစွန့်စားဖို့ မျှော်လင့်ရမှာပဲ၊ သူတို့ အရိုးခြောက်ဗိုလ်ချုပ် ဧရိယာအနား မချဉ်းကပ်သရွေ့ ဒါက ပြဿနာ မဟုတ်ဘူး”

ကျိုးဝမ် တွေးရင်း နောက်ထပ် စကားမပြောတော့ဘဲ လီရွှမ် နှင့် အဖွဲ့နောက်သို့ လိုက်ခဲ့လိုက်သည်။

ကျိုးဝမ် ငြိမ်သက်နေသည်ကို မြင်သည်နှင့် ရှုမြန်ထူသည် ကျိုးဝမ်သည် တစ်ယောက်တည်း မနေရဲတဲ့သူဟု ထင်လိုက်သည်။ သူသည် အထင်သေး လှောင်ပြောင်သံဖြင့်

“လူတစ်ယောက်ဟာ ကိုယ့်အဆင့်ကို ကိုယ်သိရတယ်၊ ဒီတိုင်း အသာလေးလိုက်ပြီး မဆိုင်တာတွေ ဝင်မရှုပ်တာကောင်းမယ်”

ကျိုးဝမ် သည် သူနှင့်အတိုက်အခံလုပ်ရန် စိတ်မဝင်စားသလို အချိန်လည်း မရှိပေ။ သူ့ဖုန်းကို ထုတ်လိုက်ပြီး သွေးတစ်စက်ကို လျှို့ဝှက် ချလိုက်ပြီး ရှေးဟောင်း အင်ပါယာမြို့တော် ဂိမ်းနယ်မြေထဲသို့ ဝင်လိုက်သည်။ သူသည် အရိုးခြောက်ဗိုလ်ချုပ်၏ ခွန်အားကို သိချင်သဖြင့် ဉီးတည်ရှာဖွေလိုက်သည်။ သူသည် သတ်ဖို့နည်းလမ်းရှာနိုင်လျှင် အကောင်းဆုံး ဖြစ်ပြီး ရှုံးနိမ့်သွားလျှင်တောင်မှ အနည်းဆုံး အသက် ကယ်ဖို့ နည်းလမ်းရှာနိုင်မည် ဖြစ်သည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now