Chapter 43

25 8 0
                                    

Zawgyi

အခန်း(၄၃) ဗုဒ္ဓနှလုံးသားကြာပန်း

ကျောက်တိုင်ကြီး၏ အောက်ခြေသည် ချိတ်ဆက်မှုနယ်မြေသို့ သွားသည့် ဝင်ပေါက်ဖြစ်၍ စစ်တပ်တပ်ဖွဲ့များ ရပ်ပြီး အကာအကွယ် ပေးထားသည်။

လီရွှမ်သည် သူတို့ အထဲမဝင်ခင် ဝင်ခွင့်တံဆိပ်နှစ်ခုကို ထုတ်ယူပြလိုက်သည်။
ကျောက်တိုင်၏ အောက်ခြေတွင် အပြာရောင်ကြွေပြား ခင်းထားသည့် လှေကားများသည် အောက်သို့ စိုက်ဆင်းသွားသည်။ သူတို့သည် မြေအောက်သို့ စွန့်စားပြီး ဆင်းသွားသည်။ ကျိုးဝမ်သည် လော့ယန်မြို့သားများသည် ချိတ်ဆက်မှုနယ်မြေကို မြေအောက်ခန်းနှင့် ဖော်ပြကြသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

မြေအောက်အနက်သည် ၁၀မီတာ နက်ပြီး ပျက်စီးယိုယွင်းနေသော ရှေးဟောင်းမြို့ တစ်ခုသည် မြေအောက်ကမ္ဘာတစ်ခုအနေဖြင့် ချိတ်ဆက်ထားသည်။ အမျိုးမျိုးသော အပြာရောင်ကြွေပြားဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းလက်ရာများမှာ ဝင်္ကဘာကဲ့သို့ ဖြစ်ပေါ်နေသည်။

အလင်းရောင်အတွက် ဆီမီးပုံးလေးများကို အပြာရောင်ကြွေပြားများပေါ်တွင် သတ်မှတ်အကွာအဝေး အတိုင်း ချိတ်ဆွဲထားသည်။ မှုန်မှုန်ဝါးဝါး အဝါရောင်ဆီမီးအလင်းသည် ပိုမှောင်စေပြီး စိုထိုင်းမှုများက ရှေးဟောင်းမြေအောက်ခန်း ကို ပိုပြီး အိုဟောင်းစေသည်။

ကျိုးဝမ် နှင့် လီရွှမ် သည် လမ်းမပေါ်တွင် ရှိနေကြသည်။ အဆောက်အဉီးဘေးနံရံများ တစ်ဘက်တစ်ချက်တွင် ဗုဒ္ဓဘာသာ နှင့် သက်ဆိုင်သော အမျိုးမျိုးသော အမှတ်အသားများ ထွင်းထုပုံဖော်ထား ကြသည်။ အပြာရောင်အုပ်ကြွပ်မိုးသည်ပင် ပျံသန်းနေသောနတ်များနှင့် ထွင်းထုပုံဖော်ထားသည်။

“ခွန်အားအမြုတေအဆင့်(၈) နှင့် အမြန်နှုန်းအမြုတေ အဆင့် (၈) လဲချင်ပါတယ်၊ မင်းကြိုက်ရင် ယူထားမှ စိတ်ချရမယ်”

“ဗုဒ္ဓနှလုံးသားကြာပန်း အမြုတေတစ်ခု ပစ္စည်းချင်း လဲချင်ပါတယ်၊ ရောင်းရန်မဟုတ်ပါ……”

“ဗုဒ္ဓမြို့၏ အပြည့်စုံဆုံးနှင့် အသေးစိတ် အချက်အလက်များ ပါသော မြေပုံတွေနော်၊ မင်းလက်ထဲမှာ မြေပုံတစ်ခုရှိတာနဲ့ ၊ ဗုဒ္ဓမြို့ ဟာ မင်းလက်ထဲက ယောက်သွားလေး…….”

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now