Chapter 10

32 7 0
                                    

Zawgyi

အခန်း(၁၀) တွဲဖက် သားရဲသတ္တဝါဉ

‌‌ထန်ရှန်းတောင် သည် သူ၏ လက်သီးနည်းပညာကို လေ့ကျင့်ကွင်းအတွင်း လေ့ကျင့်နေသည်။ ဒါပေမယ့် အချိန်နှင့်အမျှ သူသည် သစ်ပင်အောက်ရှိ ကျိုးဝမ်ကို လှမ်း၍ ခိုးကြည့်နေသည်။ သူသည် တစ်နာရီနီးပါး လေ့ကျင့်နေသော်လည်း ကျိုးဝမ်သည်လည်း ဂိမ်းကို အချိန်တူတူလောက် ဆော့နေသည်။

“ဒီလို နှိုင်းယှဉ်ရတာ ဒေါသထွက်စရာပဲ၊ ငါတို့က အချိန်တိုင်း လေ့ကျင့်နေတယ်၊ သူကတော့ ဂိမ်းဆော့နေတယ်”

ထျန်ရှန်းတောင် စိတ်ဓာတ်ကျစွာ ကြည့်လိုက်၏။ ရက်အနည်းငယ် လေ့ကျင့် ပြီးနောက် ထန်ရှန်းတောင် တစ်ခုခု သိလိုက်သည်။ ထိုအကြောင်းမှာ ကျိုးဝမ် လမ်းပြကျောင်း၏ နံပါတ်တစ်ကျောင်းသား ဖြစ်နေခြင်းမှာ ကျင့်ကြံခြင်းတွင် ပါရမီရှိတာ တစ်ခုတည်းကြောင့် မဟုတ်မှန်း ဖြစ်သည်။

ထန်ရှန်းတောင် မူလက တွေးထားသည်မှာ ကျင့်ကြံခြင်းသည် ပင်လယ်တွင် ရွက်လွှင့်သည်နှင့် ဆင်တူပြီး လူသားများသည် အမြဲကြိုးစားနေရမည် ဖြစ်ကာ တစ်ရက် မလေ့ကျင့်လျှင် ပြန်လျှောကျမည် ဖြစ်သည်။ အထူးသဖြင့် ထိုအယူအဆသည် လက်တွေ့ တိုက်ခိုက်ရေးတွင် ပို၍ သိသာစေသည်။ လေ့ကျင့်ချိန်များမှသာ ချိန်သားကိုက် အခွင့်အရေးရယူခြင်းနှင့် နေရာယူနိုင်ခြင်းများ သက်ရောက်မည် ဖြစ်သည်။

သို့သော် ကျိုးဝမ်က ခြားနားနေသည်။ သူတစ်ခုခုကို သင်ပြီးသည် နှင့် သေသေချာချာ စဉ်းစားဆင်ခြင်ခြင်း၊ လေ့ကျင့်ခြင်းမလုပ်ပဲ သူပြန်ပေါ်လာသောအခါ အမှန်တကယ် လေ့ကျင့်ထားသလို အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။ ကျိုးဝမ်သည် သူတို့နှင့် ပူးပေါင်းလေ့ကျင့်နေသည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သည်။ သို့သော် တစ်ဉီးချင်း လေ့ကျင့်ချိန်တွင် ကျိုးဝမ်သည် ဂိမ်းဆော့နေခဲ့သည်။
အနားယူပြီး ပြန်လည်ပူးပေါင်း လေ့ကျင့်ချိန်တွင် ကျိုးဝမ်သည် အကောင်းဆုံးလုပ်ဆောင်နိုင်ကာ ပြောစရာမရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်သလို တကယ်တမ်း လေးယောက်ထဲတွင် အတော်ဆုံး ဖြစ်နေ၏။ ထန်ရှန်းတောင် သူ၏ယုံကြည်မှု (နေ့စဉ်လေ့ကျင့်ခြင်းသည် တိုးတက်မှု အတွက်အရေးကြီးသည်) ကို သံသယ ဖြစ်လာသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now