Zawgyi
အခန်း(၃၂) နေဝင်ချိန်ကောလိပ်၏ အသစ်ရှာဖွေတွေ့ရှိမှု
ချောင်းစစ်ယွမ် ခေါင်းကိုဖြည်းညင်းစွာ ငြိမ့်ပြီး
“ မှန်တယ်၊ အဲဒီ တစ်ယောက်ပဲ”
“ဝန်ကြီး ရှင်ထင်တာက အဲဒီလူငယ်လေးက ကျင့်တာရှန်း နဲ့ ကြံရာပါလား”
ရွှေရောင်ဆံပင်၊ မျက်လုံးစိမ်းနှင့် အမျိုးသမီးက မေးလိုက်သည်။
ချောင်းစစ်ယွမ် သည် စားပွဲပေါ်ရှိ မျဉ်းသားထားသည့် မြေပုံကို အာရုံ စိုက်လိုက်ရင်း“ မဟုတ်ဘူး၊ သူ့ကြည့်ရတာ သာမန်ကျောင်းသားပါပဲ၊ ဒါပေမယ့် သူက အဲဒီအချိန်ပိုင်းအတွင်းမှာ ကျင့်တာရှန်းနဲ့ တွေ့ခဲ့သူပဲ၊ ဘာကြောင့် ကျင့်တာရှန်း က သာမန်ထက်ပိုတဲ့ အချိန်တွေကို အဲဒီနေရာ ဖြတ်သွားချိန်မှာ ဘာလို့ သုံးခဲ့တာလဲဆိုတာ ငါတို့သိဖို့လိုတယ်၊ အဲဒီ ကျောင်းသားကောင်လေးကို ရှာဖို့ နည်းလမ်းရှာ လိုက်တော့”
လူတိုင်း အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့အားလုံး ကောင်လေးအကြောင်းကို အရေးတယူ မှတ်တမ်းမယူထားသလို ဒီလိုပဲ ဖြတ်ကျော်လာကြသူများ ဖြစ်သည်။ ထို့အပြင် အချိန်က ညနေခင်းဖြစ်နေပြီး ကောင်လေးသည် ထူးထူးခြားခြား မည်သည့် အရာမှ ဝတ်ဆင်မထားချေ။ သဲလွန်စမပါဘဲ ကောင်လေးကိုရှာဖွေရန်မှာ ခက်ခဲနိုင်သည်။
“ငါ ကောင်လေးပုံကြမ်း ဆွဲပေးလိုက်မယ်၊ အိမ်နေရင်း အဝတ်အစား ဝတ်ထားပြီး ဒီအနီးပတ်ဝန်းကျင်မှာ ပေါ်လာတာဖြစ်လို့ သူ ဒီအနားမှာ နေတာဖြစ်ရမယ်၊ အနီးအနားက ကင်မရာတွေကို စစ်ကြည်လိုက်၊ ရိုက်မိထားတာတွေ ရှိနိုင်တယ်၊ ကောင်လေးကို ငါ့ဆီ ဖြစ်နိုင်သမျှ အမြန်ခေါ်လာခဲ့လိုက်”
¤¤¤¤¤¤
ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ်ကို လက်ထဲတွင်ကိုင်ထားရင်း ကျိုးဝမ် အိမ်နဲ့အတော်ဝေးသည့် နေရာတွင် ထိုအရာကို သွားထားရန် မူလက ရည်ရွယ်ထားသည်။ သို့သော်လည်း လမ်းဘေးတွင် ရပ်ထားသည့် ကားတစ်စီးကို သူ့အိမ်ရှေ့လှေကားမှ ထွက်ခွာခိုက် တွေ့လိုက်သည်။ ကားအတွင်းမှ လီရွှမ်သည် သူ့ကို လက်ပြနေ၏။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Azioneမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...