Chapter 84

19 5 0
                                    

Zawgyi

အခန်း(၈၄) ခေါင်းပြတ်နတ်သမီး

ခေါင်းပြတ်နတ်သမီးမှာ တိုက်ခိုက်ရေးလက္ခဏာများပါသည့် တွဲဘက်သားရဲမဟုတ်ပါ။ သူ၏ကိုယ်ခန္ဓာသည် မြင့်မြတ်သည့် အရောင်အဝါများဖြင့် လစ်ဇ် ရှေ့တွင် မျောလွင့်ပေါ်ပေါက်လာသည်။

လစ်ဇ် သည် သူမလက်ကို ဆန့်တန်းပြီး အချက်ပြလိုက်သည်။ ခေါင်းပြတ်နတ်သမီးမှာ လျင်မြန်စွာ အဖြူရောင်လက်ဝါးကပ်တိုင် ပုံစံလေးပြောင်းလဲသွားပြီး လက်ဝါးအတွင်း သက်ဆင်းသွားသည်။ လက်ဝါးကပ်တိုင်လေးမှာ မြင့်မြတ်သည့် အရောင်အဝါများ ပေါင်းစပ်နေသည့်အတွက် လစ်ဇ် မှာ နတ်သမီးအလား ဖြစ်နေသည်။

ကျိုးဝမ် နောက်ဆုံးတွင် ဘာကြောင့် လစ်ဇ်သည် မခမ်းနားသော ဗုဒ္ဓကျောင်းဆောင်၏ ထူးဆန်းသော အင်အားများ၏ သတ်ဖြတ်ခြင်း မခံရသည်ကို နားလည်သွားသည်။ ခေါင်းပြတ်နတ်သမီး၏ ကာကွယ်မှုကြောင့် ဖြစ်နိုင်သည်။

သူသည် လုံးဝတုံ့ဆိုင်းမနေတော့ဘဲ နောက်လှည့်ပြီး သူ၏ တောင်ပံများဖြင့် မခမ်းနားသော ဗုဒ္ဓကျောင်းဆောင်ဆီသို့ ပျံသန်းသွားလိုက်သည်။ ငွေတောင်ပံ ပုရွက်ဆိတ်ပျံကြီး၏ တောင်ပံများသည် အဆင့်မြင့် သူရဲကောင်းအဆင့်နှင့် မကွာသည့် လျင်မြန်မှုကို ပေးသည်။ သူသည် တစ်ခဏအတွင်း ကျောက်တုံးလှေကားထစ် များအဆုံး မခမ်းနားသော ဗုဒ္ဓကျောင်းဆောင် အပေါက်ဝသို့ ရောက်ရှိသွားသည်။

ကျိုးဝမ် မူလက မခမ်းနားသော ဗုဒ္ဓကျောင်းဆောင်ထဲသို့ လက်တွေ့ဘဝတွင် အရဲစွန့်ပြီး ဝင်ရောက်ရန်ဆန္ဒမရှိပါ၊ သို့သော် အခုတွင် စဉ်းစားနေရမည့်အချိန် မဟုတ်တော့ပါ။ သူလုပ်နိုင်တာအကုန်မှာ အထဲဝင်ပြီး ဒုက္ခသည်အဖြစ် ခိုလှုံနိုင်ရန် ဖြစ်သည်။

“ဆက်ပြေးစမ်း၊ ငါနင့်ခြေထောက်တွေကို ဖြတ်ပစ်မယ်”

လစ်ဇ်၏ အသံသည် အေးစက်နေပြီး သူမသည် ခေါင်းပြတ်နတ်သမီး၏ လက်ဝါးကပ်တိုင်ကို ကိုင်ထားသည်။ နောက်တစ်ဖက်တွင် သူမ ကျိုးဝမ်နောက်လိုက်ရင်း ဓားကိုင်ထားလိုက်သည်။ သူမသည် ကျိုးဝမ်၏ ပေါင်ကို လှမ်းခုတ်လိုက်သည်မှာ ကြာပွတ်ဖြင့်ရိုက်သည် နှင့် တူနေသည်။ လစ်ဇ် သည် အရင်အကြိမ်တုန်းက အန်မိသားစုစောင့်ကြည့်မှုနှင့် ပတ်သက်ပြီး စနိုးစနောင့်ဖြစ်ကာ ထိန်းချုပ်ထားသည်။ သို့သော်လည်း အရာရှိလေးယောက် သေပြီးနောက် လစ်ဇ်၏ ဒေါသများ ခလုတ်ဖွင့်လိုက်သလို ဖြစ်သွားသည်။ သူမလုပ်ချင်သည်မှာ ကျိုးဝမ်ကို အသက်ရှင်လျက် ခေါ်သွားလိုခြင်းဖြစ်သည်။ သူမတွင် တခြားမကောင်းသည့်အကြံများ မရှိပါ။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now