Zawgyi
အခန်း(၂၈) ကျင့်တာရှန်း
ကျိုးဝမ်သည် အတွေးရိုးရှင်းဖြူစင်ပြီး ဘာမှမသိသည့် လူပျိုလေး ဖြစ်ရုံသာမက ချစ်သူရည်းစား စသည့် ဆက်နွယ်မှုမျိုးလည်း မရှိဖူးခဲ့ပါ။ အထူးသဖြင့် အမြဲတမ်း ကျင့်ကြံခြင်းပေါ် အာရုံစိုက်နေပြီး သည်လို ပြဿနာမျိုးကို ဘယ်သောအခါမှ မစဉ်းစားခဲ့ပေ။
အဘိုးကြီး၏ မေးခွန်းမှာ ထူးဆန်းလွန်းလှသည်။ သို့သော် ကျိုးဝမ် အပြင်းအထန် စဉ်းစားပြီးနောက်
“ရင်သားသေးတဲ့ မိန်းမ”
အဘိုးကြီးသည် ထိုသို့ကြားရသည်နှင့် ဝမ်းမြောက်သွားပြီး အပြုံးနှင့်
“ငါတွေးတာနဲ့ ထပ်တူပဲကွ၊ ရင်သားသေးတဲ့မိန်းမကပဲ လှပကြတယ်၊ ရင်သားကြီးတဲ့မိန်းမတွေက ဘာပိုကောင်းတာရှိလို့လဲ? သူတို့ဟာ နွားမများနဲ့ ဘာမှ မထူးခြားဘူး၊ ဘယ်ကလေးများက သူတို့အမေနို့က နွားမကြီးနဲ့တူရင် ဘယ်သူစို့ချင်မှာလဲ”
ကျိုးဝမ်သည် အဘိုးကြီး၏ စကားကို လက်မခံချင်သော်လည်း သူသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အဘိုးကြီးနှင့် ငြင်းခုံရန် ထိုက်တန်သည်ဟု မတွေးမိတော့ပါ။ သူက ရင်သားသေးငယ်သည့် မိန်းမ ရွေးချယ်သည်မှာ တိုက်ပွဲအတွင်း ရင်သားကြီးရှိခြင်းက မသင့်တော်လို့ဖြစ်ပြီး တိုက်ပွဲ၏ အမြင်မျှခြေကို သက်ရောက်မည်ဟု ထင်မိသောကြောင့် ဖြစ်သည်။
အဘိုးကြီး၏ သွင်ပြင်အမူအရာသည် မိန်းမအကြောင်း ပြောသည်နှင့် အရင်ကထက် ပိုကောင်းလာသည်ဟု ထင်မိသည်။ သူသည် စိတ်လှုပ်ရှားဝမ်းမြောက်စွာဖြင့် ဆက်ပြောနေသည်။
“ကောင်လေး ငါမင်းကို နောက်ထပ် မေးခွန်းတစ်ခုမေးမယ်၊ မင်း နူးညံ့သိမ်မွေ့ပြီး အမိန့်နာခံတတ်တဲ့ မိန်းမကို ကြိုက်လား၊ လိမ္မာ ပါးနပ်ပြီး အကျိုးအကြောင်း နားမလည်တဲ့ မိန်းမကို ကြိုက်လား?”
သည်အဘိုးကြီးက သေချာပေါက် ထူးဆန်းတာပဲ၊ ဉီးနှောက် တစ်ခန်းလွတ်နေတာ ဖြစ်ရမယ်? ဘယ်သူက နူးညံ့သိမ်မွေ့ပြီး အမိန့်နာခံတတ်သူကို မကြိုက်ဘဲ အဲဒီအစား အကျိုးအကြောင်း နားမလည်တဲ့ လူလည်မကို ကြိုက်ရမှာလဲ?
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Aksiyonမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...