Chapter 62

20 6 0
                                    

Zawgyi

အခန်း(၆၂) မုန်တိုင်း ချဉ်းကပ်လာခြင်း

ခနအတွင်း ကျိုးဝမ်သည် ဂိမ်းအတွင်း ဝင်ရောက်ခဲ့သည်။ သူသည် ကြာကန်သို့မရောက်ခင် အသိပေးချက်တစ်ခုကို မြင်လိုက်ရသည်။ ငွေတောင်ပံပုရွက်ဆိတ်ပျံသည် ဆာလောင်ခြင်းအခြေအနေကို ရောက်နေပြီ ဖြစ်သည်။

အသိပေးချက်သည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သို့သော် ကျိုးဝမ် သိပ်သတိမထားမိပါ။ သူသည် ရှေ့ဆက်လိုက်ပြီး သတိပေးချက်များသည် (၁၀)မိနစ်တစ်ခါ အလိုအလျောက် ရရှိနေသည်။

ထိုကောင်သည် တွဲဘက်သားရဲများကိုသာ စားသည်။ သို့သော် တွဲဘက်သားရဲဥသည် အလွယ်တကူ မထုတ်လုပ်နိုင်သဖြင့် ကျိုးဝမ် သည် အနည်းငယ်စိတ်ဓာတ်ကျသလို ခံစားရပြီး အသိပေးချက်ကို မသိကျိုးကျွံပြုရန်သာ တတ်နိုင်တော့သည်။

ကျိုးဝမ်သာ ချမ်းသာလျှင် သူသည် တွဲဘက်သားရဲဉများ ဝယ်ယူပြီး ငွေတောင်ပံပုရွက်ဆိတ်ကြီးကို ကျွေးနိုင်သည်။ သို့သော် သူသည် မချမ်းသာပါ။ သူ့အဖေ ကျိုးလင်ဖုန် ပေးသည့် နေထိုင်စားရိတ်များသည် သူ၏ ပုံမှန်အသုံးစားရိတ်ကိုသာ လုံလောက်သည်။ တွဲဘက်သားရဲဉ ဝယ်လောက်အောင် ဘာမှ မပိုလျှံတော့ပါ။

“တစ်ကိုယ်ရေလုံလောက်တာလည်း ကောင်းပါတယ်၊ ငါပို ဂိမ်းဆော့ရမယ်”

ကျိုးဝမ် အနီရောင်ကိုယ်ပွားကို ထိန်းချုပ်ပြီး ကြာကန်ဆီသို့ မုန်တိုင်း တိုက်စစ်ဆင်လိုက်သည်။

▪︎▪︎▪︎▪︎▪︎▪︎

ထိုအခိုက်အတန့်တွင် ဗီဒီယိုတစ်ခုမှာ ကျောင်း၏ အင်တာနက် ရှာဖွေမှုတွင် ထိပ်ဆုံးရောက်နေသည်။ ကျိုးဝမ်နှင့် လီရွှမ်၏ ပေါင်းစပ်ဖိအားပေးပြီး  သွေးနီရောင်ဗုဒ္ဓနှလုံးသား ကြာပန်းကြီးကို တိုက်ခိုက်နေသည့် ဗီဒီယိုဖြစ်သည်။

ကမ်းခြေမှ အမည်မသိ ကျောင်းသားတစ်ယောက်မှ မှတ်တမ်းတင် ထားသည့် ဗီဒီယို ဖြစ်သည်။ ဘေးဘက်မြင်ကွင်းရှုထောင့်မှ နေပြီး ဖြစ်စဉ်တစ်ခုလုံးကို ရုပ်သံအရည်အသွေး အမြင့်စားဖြင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ဗီဒီယိုမှာ ရှင်းလင်းစွာ ပြုပြင်ထားသည်။ ဗီဒီယိုတစ်ခုလုံးသည်ကျိုးဝမ် ငွေရောင်တောင်ပံများ နှင့် လီရွှမ်ကို လှမ်းဆွဲထားချိန်တွင် ထိသာပါသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now