Chapter 37

26 7 0
                                    

Zawgyi

အခန်း(၃၇) တွဲဘက်သားရဲဉအတွက် ပြိုင်ဆိုင်ခြင်း

လီဝေ့ယန်သည် တွဲဘက်သားရဲ ပြိုင်ကွင်းအတွင်း ဆိုင်ကယ်ကို ကျိုးဝမ်နှင့်အတူ ရပ်တန့်လိုက်သည်။ အပြင်တွင်ရပ်စောင့်နေသော မိန်းကလေးအချို့သည် အမြန်ပြေးလာကြပြီး ကျွတ်ကျွတ်ညံသံများ ပေါက်ကွဲပေါ်ထွက်လာသည်။

အတန်ကြာအောင် နားထောင်ပြီးနောက်တွင် ကျိုးဝမ်သည် အဖြစ်အပျက်များကို အကြမ်းဖျဉ်း နားလည်သွားသည်။

လီဝေရန် နှင့် သူ၏သူငယ်ချင်းများသည် နေဝင်ချိန်ကောလိပ်၏ ကျောင်းသူများ ဖြစ်သည်။ သူတို့သည် သူ၏ အနာဂတ်စီနီယာများ ဖြစ်သည်။
သူတို့၏အဖွဲ့နှင့် အခြားမိန်းကလေးအဖွဲ့သည် ချိတ်ဆက်မှုနယ်မြေ အတွင်းသို့ ဝင်ရောက်ပြီး မျိုးကွဲသတ္တဝါများ သတ်ရန် သွားခဲ့ကြသည်။

ကံကောင်းသဖြင့် သေမျိုးအဆင့် တွဲဘက်သားရဲဉ ရရှိခဲ့ကြသည်။ ထိုဉသည် ရှေးဟောင်းစစ်မြင်း တွဲဘက်သားရဲဉ ဖြစ်နေသည်။ သေမျိုးအဆင့် တွဲဘက်သားရဲဉ များသည် အလွန်ရှားပါးပြီး တစ်ခုရရန်မှာ အမှန်တကယ် ကံကောင်းသည့် အဖြစ်အပျက်ပင် ဖြစ်သည်။

ထူးခြားသည်မှာ သေမျိုးအဆင့် ရှေးဟောင်းစစ်မြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအဓိပ္ပါယ်မှာ ထိုဉ၏ အခြေအနေသည် အလွန်အမင်း မြင့်မားပြီး တန်ဖိုးမဖြတ်နိုင်အောင် ပြုလုပ်ပေးနေသည်။
အဆင့်တူ တွဲဘက်သားရဲများသည် အမျိုးမျိုးသော အချက်များဖြင့် ထပ်မံခွဲခြားထားသည်။ သေမျိုးအဆင့် တွဲဘက်သားရဲသည် အဓိက လေးဆင့်ဖြင့် ခွဲခြားထားပြီး အဆင့်(၁)နှင့် (၉)ကြား ဖြစ်သည်။ သူရဲကောင်းအဆင့် တွဲဘက်သားရဲမှာမူ အဆင့်(၁၀)နှင့် (၁၈)ကြား ဖြစ်သည်။

အခြေခံအချက်အလက်များမှာ အရေးကြီးပြီး ထင်ရှားသိသာသည်။ အချက်အလက် မြင့်မားလျှင် သူတို့၏ မွေးရာပါစွမ်းအား ပိုကြီးမားလေ ဖြစ်သည်။ တွဲဘက်သားရဲသတ္တဝါ ဖြစ်လာသောအချိန်တွင် ပိုင်ရှင်နှင့် ပူးပေါင်းကာကွယ်နိုင်သည့်အပြင် စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။
မျိုးကွဲ ရှေးဟောင်းစစ်မြင်းသည် သန်မာမှုနှင့် လျင်မြန်မှုတို့ကြောင့် သေမျိုးအဆင့်တွင် ထိပ်တန်းအဆင့်ဖြစ်သည်။ ထို့ကြောင့် သူသည် တွဲဘက်သားရဲ ဖြစ်လာသည်နှင့် သေချာပေါက် အဆင့်နိမ့်ကျမည် မဟုတ်ချေ။ တွဲဘက်သားရဲဉ ရခြင်းဆိုလျှင် လုံးဝပင် ကိစ္စကြီး ဖြစ်နေသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now