Zawgyi
အခန်း(၆၁) အရည်အချင်းများ
ရှုမြန်ထူ၏ သေဆုံးမှုကြောင့် ကျုံးဝမ်နှင့် လီရွှမ်သည် ကျောင်း၏ စစ်ဆေးခြင်း ခံရသည်။ သို့သော် သူတို့သည် လျင်မြန်စွာ ပြန်လွှတ် ပေးလိုက်ကြသည်။
“မင်းရဲ့အကိုက ဘယ်လိုလူစားမျိုးလဲ?”
အဆောင်ထဲတွင် ကျိုးဝမ် ခုံတစ်ခုကို မှီနေရင်း လီရွှမ်ကို မေးလိုက်သည်။
လီရွှမ်သည် ပေါ့ပေါ့ပါးပါး ကြမ်းပေါ်ထိုင်လိုက်ပြီး ဘီယာ တစ်ဘူးကို ကိုင်ပြီး ဖြည်းညင်းစွာသောက်လိုက်ပြီးနောက် သူဆက်ပြောသည်။
“ငါ့မိသားစုမှာ ညီအစ်ကိုသုံးယောက်ရှိတယ်၊ ငါတို့ရဲ့ အကြီးဆုံးအကိုကြီးက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ၊ သူက အရာအားလုံးမှာ တော်တယ်၊ အန်မိသားစုရဲ့ အထူးချွန်ဆုံး ဉာဏ်ကြီးရှင် ဖြစ်တဲ့ အန်ထျန်းကျိုနဲ့ ယှဉ်နိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်၊ သူက ငါတို့ လီမိသားစုရဲ့ အထူးချွန်ဆုံးပဲ၊ ကံမကောင်းစွာပဲ သူငယ်ငယ်လေးနဲ့ သေဆုံးခဲ့ရတယ်”
နောက်ထပ်ဘီယာတစ်ငုံ သောက်ပြီးနောက် လီရွှမ်ဆက်ပြောလိုက်သည်။
“ငါရဲ့ဒုတိယအကိုက လီရှို့ပိုင် ၊ သူကလည်း ငယ်ငယ်တည်းက အလားအလာ ကောင်းတယ်၊ အန်ထျန်းကျိုလောက် မထင်ရှားပေမယ့်လည်း လီမိသားစုရဲ့ ဉာဏ်ကြီးရှင်အဖြစ် အားလုံးသိကြတယ်၊ သူကအပြင်မှာ နာမည်ဂုဏ်သတင်း ကျော်ကြားတယ်၊ အိမ်မှာဆို သူက လီမိသားစုရဲ့ ကိစ္စအဝဝကို အခြားဉီးလေးတွေနဲ့အတူ ဆွေးနွေးနိုင်တဲ့ ပုံရိပ်တစ်ခုပဲ၊ သူက ငါ့လို လူပေါ်ကြော့ကောင်ထက် အများကြီး သန်မာတယ်၊ ငါ့လူအိုကြီးရဲ့ မွေးစားသားအများစုက သူ့ကို ခေါင်းဆောင်အဖြစ် မြင်ကြတယ်”
“ဒါပေမယ့် မင်းမြင်တာပဲ ငါ့ကလေးဘဝ သူငယ်ချင်းတွေလေ၊ ကျန်းဟောက်၊ ရှုမြန်ထူတို့ဆိုတာ လီမိသားစုမှာ ငါနဲ့အရင်းနှီးဆုံး ကောင်တွေပါကွာ၊ ဒါပေမယ့် တစ်ယောက်ပြီးတစ်ယောက် ငါ့ကို သစ္စာဖောက်သွားကြတယ်၊ သူတို့က တကယ်ဆို ဒုတိယအကိုက ငါ့ကိုသတ်မှာကို လုပ်ချင်မှာ မဟုတ်ဘူး၊ အထူးသဖြင့် ရှုမြန်ထူပေါ့၊ ငါသေချာတာက သူလောယန်ကို ပြန်လာတုန်းက ငါ့အကိုအတွက် အလုပ်လုပ်ပေးနေတာ မဟုတ်ဘူး၊ ဒါပေမယ့် အခု ရက်အနည်းငယ်ပဲရှိသေးတယ် သူငါ့ကို ကျောခိုင်းသွားပြီ၊ မင်း ငါ့အကိုဘယ်လို လူစားမျိုးနဲ့ အမူအကျင့်ရှိတယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ”
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...