Chapter 5

37 6 0
                                    

Zawgyi

အခန်း(၅) အင်အားစမ်းသပ်ချက်

ထျန်းရှန်းတောင်၏ စကားများသည် ကျိုးဝမ်ကို တိုက်ရိုက်ရည်ညွှန်း၍ ပြောနေသော်လည်း သူသည် စိတ်ဆိုး၍ ပြောသည်မဟုတ်ပေ။
တိုက်ခိုက်ရေးရလဒ်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ အခရာ ဖြစ်ရာ လူတစ်ယောက်၏ ဘ၀နောက်ပိုင်း တစ်လျှောက်လုံးကို ဆုံးဖြတ်ပေးနိုင်၏။

လူတိုင်းသည် တိုက်ခိုက်ရေးရလဒ်ကို အကောင်းဆုံးဖြစ်ရန် မျှော်လင့်ထားပြီး အခြားသူကြောင့် သူတို့၏ရလဒ် အတိမ်းအစောင်းဖြစ်ရန် မသက်ရောက်စေလိုပေ။ လူတိုင်း ဂုဏ်သတင်းကြီးသည့် ကျောင်းများ တက်ရောက်၍ ဘွဲ့ရပြီးသောအခါ ကောင်းမွန်သော အလုပ်အကိုင်၊ လူကုံထံအသိုင်းအဝိုင်းတွင် ဝင်ဆန့်ရန်တို့မှာ ယခုရလဒ်နှင့် ဆက်နွယ်နေ၏။ ထို့အပြင် အသင်းဖော်၏ သန်မာမှုသည် အခြားသူများကို လုံခြုံစေသည်။ ဘယ်သူမှ သူတို့အသက်ကို ဟာသလုပ် မစွန့်စားချင် ကြပေ။

ကျိုးဝမ်သည်လည်း ထူးဆန်းသည့်ဖုန်း မရခင်က ထိုသို့ပင် ရည်မှန်းချက်ထားခဲ့သည်။ ထိုရလဒ်သည် သူ့အား အခွင့်အရေးများ နှင့် ပိုသန်မာလာစေရုံသာမက သူ့အရည်အချင်းများကို ပြသခွင့် ရမည်ဖြစ်သည်။ ထို့ကြောင့် ကျိုးဝမ်သည် ထျန်းရှန်းတောင်ပြောသည့် ကျိုးကြောင်းညီညွတ်မှုကို အပြည့်အဝ နားလည်သည်။

ထျန်းရှန်းတောင်သည် စကားပြောပြီးနောက် ဖန့်ရောရှီကို မကြည့်တော့ပဲ ကျိုးဝမ်ကိုသာ ကြည့်နေလိုက်သည်။

ဖန်ရောရှီသည် ကျိုးဝမ်ကို ကြည့်ကာ

“ ကျန်းရီ က ထူးချွန်ကောင်း ထူးချွန်လိမ့်မယ်၊ ငါတော့ ကျိုးဝမ် က အကောင်းဆုံးကျောင်းသားပဲ”

ဘေးတွင်ရပ်နေသော လီကျစ်က တွေးတွေးဆဆနှင့်

“ ငါတို့ နင့်မှာ ထူးခြားတဲ့အမြင် ရှိတယ်ဆိုတာ သိတယ် ရောရှီ၊ ကျိုးဝမ် ထူးချွန်တာကိုလည်း သိတယ်၊ ဒါပေမယ့် တိုက်ခိုက်ရေး ရလဒ်ဟာ ငါတို့အားလုံးအတွက် အရေးကြီးတယ်၊ ငါတို့ အလေးအနက်ထား လုပ်ဆောင်ဖို့လိုတယ်၊ ဒီလိုလုပ်ရအောင် ကျိုးဝမ် စိတ်မဆိုးဘူးဆိုရင် ငါတို့ ရိုးရှင်းတဲ့ စမ်းသပ်ချက်လေး လုပ်ရအောင်၊ ရလဒ်ထွက်လာရင် ငါတွိုအဖွဲ့ထဲ ကျိုးဝမ် ပါသင့်လား မပါသင့်လား ထင်ရှားပေါ်လွင်သွားမယ်”

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now