Zawgyi
အခန်း(၁၉) ရှေးဟောင်းမြို့အတွင်းသို့ ဝင်ရောက်ခြင်းဖန့်ရောရှီသည် ရှုမြန်ထူကို တစ်ချက်ကြည့်ပြီး မျက်ကွယ်ပြုလိုက်၏။ သူမက ဆက်လက်ပြီး ကျိုးဝမ်ကို ကြည့်ကာ
“ ကျိုးဝမ်၊ ဘယ်ကျောင်းတက်ဖို့ စီစဉ်ထားလဲ?”
“ ငါမစဉ်းစားရသေးဘူး”
ကျိုးဝမ် ပြန်ဖြေလိုက်သည်။
ဖန့်ရောရှီ ခေါင်းငြိမ့်လျက် ဆက်ပြောလိုက်သည်။
“ မှန်တယ်၊ နင့်လိုတော်တဲ့သူက နင်ဆန္ဒရှိတဲ့ ဘယ်ကျောင်းမဆို တက်နိုင်တာပဲ၊ အလျင်လိုစရာ မလိုပါဘူး၊ ဒါလည်းကောင်းတာပဲ၊ ငါလည်း အခုစာမေးပွဲကို အကောင်းဆုံးကြိုးစားမယ်၊ ငါ့ရလဒ် နင်နဲ့သိပ်မကွာဖို့ မျှော်လင့်ပါတယ်”
ပြောပြီး ဖန့်ရောရှီသည် ကျိုးဝမ် ကို လက်ပြနှုတ်ဆက်ပြီး လှည့်ပြန်သွားသည်။ အစမှအဆုံးထိ သူမသည် ရှုမြန်ထူကို မသိကျိုးကျွံ ပြုထားသည်။
ရှုမြန်ထူ သည် ထိုအပြုအမူကို မကျေနပ်သော်လည်း အခုက ဒေါသထွက်ရမည့် မှန်ကန်သည့် နေရာမဟုတ်ပေ။ သူလုပ်နိုင်သည်မှာ ကျိုးဝမ်ကို တစ်ချက်ကြည့်ပြီး ကျန်းဟောက် နှင့် လီရွှမ်ကို ကြည့်ကာ
“မြို့ငယ်လေးရဲ့ လူတွေက နိမ့်ကျတဲ့အမြင် ရှိကြတာပဲ၊ သူမ ဘယ်လောက် ကြည့်ကောင်းကောင်း အလကားပဲ၊ သူမမှာ ဉီးနှောက်နဲ့ မျက်စိ ပါမလာပါလား”
ကျန်းဟောက် က ဘာမှမပြောပေ၊ ဒါပေမယ့် လီရွှမ်က ကျိုးဝမ် အနည်းငယ် နှာကစ်သွားသည်ကို သတိထားမိသဖြင့်
“ ငါကြားထားတဲ့ မင်းက လေပြေကျောင်းရဲ့ နံပါတ်တစ်ဆိုတာ မှန်နေတာပဲ၊ ကောင်မလေး က မင်းကို အများကြီး မျှော်လင့်ထားတာပဲ”
“ဒါက ကျောင်းသား၊ ကျောင်းသူ အချင်းချင်းကြားက အားပေး တိုက်တွန်းတာပါ၊ သူမကိုယ်တိုင်လည်း ငါ့ထက် အားမနည်းပါဘူး၊ သူမလည်း လက်ချိုးရေလို့ရတဲ့ ထူးချွန်သူတွေထဲက တစ်ယောက် ပဲ”
ကျိုးဝမ် ပြောလိုက်၏။
ရှုမြန်ထူ သည် ကျိုးဝမ် ကို ပြန်လည်ချေပချင်ပြီး အထင်သေး သည့်လေသံဖြင့်
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Akcjaမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...