Zawgyi
အခန်း(၃၈) ငါတို့ ဆက်ပြိုင်ကြမလား?
လီဝေ့ယန် စကားပြောစရာမရှိ ဖြစ်သွားသည်။ နေဝင်ချိန်ကောလိပ်မှာ ကူတိအန်ထက် သန်မာသူမရှိဘူးဆိုတာ မဟုတ်သော်လည်း ထိုသူများသည် ကောလိပ်၏ သူရဲကောင်းအဆင့် အတွင်းစာမေးပွဲတွင် ပါဝင်ယှဉ် ပြိုင်နေသည့် အဆင့်(၂၀) အတွင်းဝင်သူများ ဖြစ်ကြသည်။ သူတို့သည် သိသာစွာပင် ကူတိအန်ထက် သန်မာကြသည်။
သို့သော်လည်း လီဝေ့ယန် သည် ထိုစီနီယာများနှင့် လုံးဝနီးစပ်ခြင်း မရှိပေ။ သူမ သူတို့ကို သွားရောက်စည်းရုံးလျှင်လည်း သူတို့သည် မည်သည့်အကြောင်းပြချက်မှ မရှိဘဲ မလိုအပ်ဘဲ လာရောက်ကူညီမည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် တိုက်ပွဲသည် စတင်တော့မည်ဖြစ်သဖြင့် နောက်ကျနေပြီ ဖြစ်သည်။
ကောင်းယန် နှင့် စုမိန် တို့သည် ကူတိအန် ကို တကယ်တိုက်ခိုက်ရန် မရည်ရွယ်ထားပါ။ ကူတိအန်ကို ရှေ့ထွက်ခိုင်းလိုက်ခြင်းမှာ လီဝေ့ယန်နှင့်အဖွဲ့ကို နောက်ထပ် စစ်ကူများခေါ်ဖို့ အချိန်မရှိအောင် တားဆီးရန် ဖြစ်သည်။
“အမ ဝေ့ယန် အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ”
မိန်းကလေးတစ်ယောက်သည် လီဝေ့ယန်ကို စိုးရိမ်တကြီး ကြည့်နေသည်။
လီဝေ့ယန် သည် အံတင်းတင်းကြိတ်လိုက်ပြီး
“သည်အဆင့်ရောက်မှတော့ ငါကိုယ်တိုင်ပဲ အကောင်းဆုံးလုပ်ရမယ်”
“အမ ဝေ့ယန် ဒါမှမဟုတ် ငါတို့ ဒီကိစ္စကို မေ့ပစ်လိုက်ကြမယ်လေ၊ ငါတို့ တွဲဘက်သားရဲဉလည်း မလိုချင်တော့ပါဘူး၊ ကူတိအန်က အရမ်း ကြောက်စရာကောင်းတယ်၊ သူဒေါသထွက်လာရင် မကောင်းဘူး အမကို ထိခိုက်လိမ့်မယ်”
မိန်းကလေးမှ ဆက်ပြောသည်။
မိန်းကလေးများသည် အခုလိုဖြစ်သည်ကို မလိုလားသော်လည်း လီဝေ့ယန် ကို အလျှော့ပေးရန် ဖျောင်းဖျလိုက်ကြသည်။
“ငါတို့ ဒီလူယုတ်မာ နှစ်ယောက်ကို ဒီအတိုင်း လွှတ်မပေးနိုင်ဘူး၊ အကျိုးအမြတ်အားလုံး သူတို့ရသွားမှာကိုလည်း ခွင့်မပြုဘူး”
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...