Zawgyi
အခန်း(၇၇) ကျောင်းဖွင့်ရက်၏ စမ်းသပ်ပွဲ
ဝမ့်ဖေး သည် နေ့တိုင်းစောင့်နေသော်လည်း မည်သည့်ပြန်စာကိုမှ လက်ခံမရရှိဘဲ ဖြစ်နေသည်။ သူမစာမှာ ပင်လယ်ထဲကျသွားသည့် ကျောက်တုံးလိုဖြစ်နေသည်။ နောက်ဆုံးတွင် သူမသည်ကြံရာမရဘဲ နောက်ထပ်စာတစ်စောင် ထပ်ပို့သော်လည်း အရင်အတိုင်းဖြစ်နေပြီး မည်သည့်ပြန်စာမှ မရရှိ ဖြစ်နေသည်။
သူမ မသိသည်မှာ ကျိုးဝမ်သည် အစောကြီးတည်းက ဖိုရမ်ကို ပိတ်လိုက်ပြီး ဂိမ်းပဲဆော့နေခြင်း ဖြစ်သည်။
သူသည် အသေးစားဉာဏ်ပညာပြည့်စုံခြင်း ဆုဒြာကျင့်စဉ်ကို ကျင့်ဖို့ မည်သည့် အထူးခန္ဓာဖွဲ့စည်းပုံ လိုအပ်သည်ကို မသိဖြစ်နေသည်။ ထို့ကြောင့် သူသည် သူမကို အဖြေပေးရန် မတတ်နိုင်ဖြစ်နေ၏။ သို့သော်လည်း သူသည် တခြားသူများကို သဲလွန်စမရှိဘူးလို့လည်း ပြောရန် ဆန္ဒမရှိဖြစ်နေသည်။ သူသည် မဖြေရန်ဆုံးဖြတ်လိုက်ပြီး အနာဂတ်တွင် ကျင့်စဉ်ကို ပိုလေ့လာပြီးမှ အခွင့်အရေးရနိုင်သေး သည်ဟု တွေးလိုက်သည်။
သို့သော် ဝမ့်ဖေးအတွက် နှိပ်စက်ခြင်းတစ်မျိုး ဖြစ်နေသည်။ ချိတ်ဆက်မှုဖိုရမ်သည် ဖိုရမ်ပေါ်တွင် လူရှိခြင်း၊ မရှိခြင်းကို မဖော်ပြသဖြင့် မည်သို့မျှ စစ်ဆေးကြည့်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် သူမသည် ကျိုးဝမ် ဖိုရမ်ပေါ်တွင် ရှိ၊ မရှိကို မသိဖြစ်နေသည်။ သူမလုပ်နိုင်သည် အားလုံးမှာ ဆက်လက်စောင့်ဆိုင်းခြင်းဖြစ်သည်။
ဝမ့်ဖေး နံပါတ်တစ်ခု သူ့ဖုန်းတွင် ပေါ်လာသည့်အခါ ချက်ချင်း ကောက်ကိုင်လိုက်သည်။ အသံတစ်ခုကို ရုတ်တရက်ကြားလိုက်၏။
“ဖေးလေး၊ နင် အဆိပ်ရဲ့ပုံစံအမှန်ကို ခန့်မှန်းနိုင်ပြီလား?”
ယောင်္ကျားတစ်ယောက်၏ အသံ ဖုန်းတွင်ကြားလိုက်ရသည်။
“တောင်းပန်ပါတယ်၊ ဗိုလ်ချုပ်ရှန်း ၊ သူ့ဆီက မည်သည့် တုန့်ပြန်မှုမှမရသေးပါဘူး၊ ကျွန်မလည်း သူ့ပုံစံအစစ်အမှန်ကို ယာယီ အားဖြင့် မခန့်မှန်းနိုင်သေးပါဘူး၊”
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...