Chapter 69

25 6 0
                                    

Zawgyi

အခန်း(၆၉) ထူးဆန်းသည့်ကျောင်းဆောင်ခန်းမကြီး

ကျိုးဝမ်သည် မြေအောက်ဗုဒ္ဓမြို့တော်နှင့် အလွန်ရင်းနေပြီ ဖြစ်၏။ သူသည် ငွေတောင်ပံပုရွက်ဆိတ်ပျံကြီးကို စီးလိုက်ပြီး ကြာကန်သို့ အရှိန်အပြည့်ဖြင့် မျိုးကွဲဗုဒ္ဓနှလုံးသားကြာပန်းကို မသတ်ခင် သွားလိုက်သည်။

အပြင်လောကတွင် အခြားသူများအဖို့ မျိုးကွဲဗုဒ္ဓနှလုံးသားကြာပန်း ကို သတ်ရန်အတွက် သူတို့သည် ချိတ်ဆက်မှုအက်ကြောင်းမှ တဆင့် နောက်တစ်ခုထွက်လာရန် စောင့်ကြရသည်။ သို့သော်လည်း ကျိုးဝမ်၏ ဂိမ်းအတွင်းတွင်မူ ရှင်းလင်းစွာပင် သူ့သွေးအသက်ဖြင့် သွေးနီရောင်ကိုယ်ပွားကို အသက်ပြန်သွင်းလိုက်သည်နှင့် ဂိမ်းနယ်မြေ သည် အသစ်ပြန်ဖြစ်သွားပြီး အသစ်မျိုးကွဲ ဗုဒ္ဓနှလုံးသားကြာပန်းကို ထွက်ပေါ်လာစေသည်။ သူသည် ပုံမှန်အတိုင်းဆိုလျှင် အကြိမ်ရေ အဆုံးမရှိ သတ်နိုင်သည်။

အခုအခါတွင် ကျိုးဝမ်အတွက် မျိုးကွဲ ဗုဒ္ဓနှလုံးသားကြာပန်းကို သတ်ရန်မှာ အလွန်အမင်း လွယ်ကူနေပြီ ဖြစ်သည်။ သတ်မှတ်ထားသည့် အဆင့်အတိုင်း လုပ်ဆောင်ပြီးနောက် ထိုအရာကို သတ်ပြီး ဖြစ်သွားသည်။

ဒင်!

ကြာပန်းမှ တစ်ခုခုကျလာသောအသံမှာ နားဝင်ချိုလှ၏

တွဲဘက်သားရဲတစ်ကောင်လား! ကျိုးဝမ် ဝမ်းသာသွားပြီး သူမမျှော်လင့်ထားပါ။

သို့သော်လည်း လက်ရှိအချိန်တွင် သူသည် တွဲဘက်သားရဲကို ဥမဖောက်နိုင်သေးပါ။ ထိုအရာသည် သွေးနီရောင်ကိုယ်ပွားကို သေဆုံးစေနိုင်ပြီး ငွေတောင်ပံပုရွက်ဆိတ်ကဲ့သို့ မပြည့်စုံသည့် ဥဖောက်ခြင်း ဖြစ်နေလိမ့်မည်။ ထိုအရာသည် ပြုလုပ်ရန် အဓိပ္ပါယ်အနည်းငယ် ရှိသော်လည်း ကျိုးဝမ်သည် အခုပင် ငွေတောင်ပံပုရွက်ဆိတ်ပျံ တစ်ကောင်နှင့်ပင် ခက်ခဲနေပြီဖြစ်ရာ နောက်တစ်ကောင်ဆိုပါက သူမွဲပြာကျသွားလိမ့်မည် ဖြစ်သည်။

သွေးနီရောင်ကိုယ်ပွားသည် ဗုဒ္ဓနှလုံးသားကြာပန်းကို ကောက်လိုက်သည်နှင့် ဂိမ်းစနစ်မှ သူ့ကို ပေါင်းစပ်ခြင်း အသိပေးချက် ဖော်ပြလာသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now