လော့ယန်မြို့ / လော့ယန်မြို့

21 3 0
                                    

Zawgyi

လော့ယန်မြို့

လော့ယန်မြို့ဟာ ဟဲနန်ပြည်နယ်မှာ တည်ရှိပါတယ်။ လော့မြစ် နဲ့ မြစ်ဝါမြစ် ပေါင်းဆုံသည့် နေရာတွင် ရှိခဲ့သည်။  တရုတ်နိုင်ငံ၏ အလယ်ပိုင်းတွင် တည်ရှိပြီး တရုတ်ယဉ်ကျေးမှု အစပျိုးရာ မူလဘူတ အရပ် တစ်ခုလည်းဖြစ်သည်။ ရှေးခေတ်ဟောင်းကာလ အစောပိုင်း တည်ရှိခဲ့သည် မြို့ကြီးငါးမြို့ထဲက တစ်မြို့ ဖြစ်သည်။

လော့ယန်မြို့ကို တရုတ်ယဉ်ကျေးမှုသမိုင်း၏ နှလုံးသားနယ်မြေ အဖြစ်လည်း တင်စားကြသည်။ တရုတ်သမိုင်းတွင် မင်းဆက်အမျိုးမျိုး ၏ မြို့တော်ဖြစ်ခဲ့သည်။ အရှေ့တိုင်းဟန်မင်းဆက်၊ သုံးနိုင်ငံခေတ် အတွင်း ဝေ့ပြည်နယ် အဖြစ် သတိပြုမိအောင် ပါဝင်ခဲ့သည်။

Luoyang (လော့ယန်)ဆိုသည့် အမည်မှာ နေရာကို အစွဲပြုပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ Luo River (လော့မြစ်) ၏ yang (မြောက်အရပ် (သို့) နေရောင်မြစ်ကမ်းပါး) ယူထားခြင်း ဖြစ်သည်။ လော့မြစ်ဟာ  အနောက်ကနေ အရှေ့ကို စီးဆင်းနေပြီး နေမင်း တောင်ဘက်ထွက်ပေါ်ပြီး မြောက်ဘက်မှာ တောက်လျှောက် မြစ်ပြင် ကို နေရောင်ဖြာချ ပေးနေခြင်း ဖြစ်သည်။

Luoyang (လော့ယန်မြို့) ဟူသည့်အမည် မူလအမည်ဖြစ်သည်။

(Northern bank of the luo River) မင်းဆက်များတွင် နာမည်မျိုးစုံ  သည် အဆင့်ဆင့် ပြောင်းလဲသွားပြီး မူရင်းနာမည်ကို ၁၉၁၂တွင် ပြန် လည် မှည့်ခေါ်ကြသည်။

ထန်မင်းဆက်       -        Dongdu (Eastern Capital) အရှေ့ပိုင်းမြို့တော်

Empress Wu Zetian (Female Emperor)
Shendu (Divine Capital)
နတ်ဘုရားမြို့တော်

စုန့်မင်းဆက်       -        JingLou (or) Xijing (WesternCapital) အနောက်ပိုင်းမြို့တော်

ချင်မင်းဆက်       -      Henanfu

စသည်တို့သည် သမိုင်းတွင် ကျော်ကြားခဲ့ကြသည်။

လော့ယန်သည် ကျောက်ခေတ်နှောင်းပိုင်းကာလကတည်းက စစ်မြေပြင်ဖြစ်ခဲ့သည်။ လော့မြစ်နှင့် မြစ်ဝါမြစ်ဆုံရာအရပ်ဖြစ်သည့် အပြင် သဘာဝမြေမျက်နှာပြင်အရ တရုတ်ပြည်၏ အလယ်ဗဟိုတွင် တည်ရှိနေသည်။ ထို့ကြောင့် မင်းဆက်တိုင်းသည် လော့ယန်မြို့တည် ရှိခဲ့သည့်နေရာကို အခြေပြုကြပြီး မြို့တော်တည်ကာ ထိန်းချုပ်နိုင်ဖို့ အမျိုးမျိုးကြိုးစားကြသည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now