Chapter 27

25 8 0
                                    

Zawgyi

ဒီအပိုင်းမှာ ဥာဏ်စမ်းတစ်ခု ပါပါတယ်
တာအိုရောင်းရင်းများ ဖြေကြကုန်အံ့

အခန်း(၂၇) အဘိုးကြီး

ကျိုးဝမ် တော်တော်လေး ထိတ်လန့်အံ့ဩသွားသည်။ သူသည် နေမင်းဖြိုခွင်းကျင့်စဉ်ကို ကြားဖူးသည်။ ထိုအရာသည် ရှေးဉီးမူလစွမ်းအား ကျင့်စဉ်ကို တော်ဝင်သူရဲကောင်းအဆင့်ထိ ကျင့်ကြံနိုင်သည့် ကျင့်စဉ်ဖြစ်ပြီး တုနှိုင်းမဲ့နတ်ဘုရားခန္ဓာကိုယ် ကျင့်စဉ်နှင့် ကျော်ကြားမှုခြင်း ယှဉ်နိုင်သည်။ နှိုင်းယှဉ်ခြင်းပြုလျှင် နေမင်းဖြိုခွင်း ကျင့်စဉ်သည် ပိုပြီး အဖိုးတန်သည်။

တကယ်တော့ တုနှိုင်းမဲ့နတ်ဘုရားခန္ဓာကိုယ် ကျင့်စဉ်သည် ကျင့်ရန် အလွန်အမင်း ပြင်းထန်သော လိုအပ်ချက်များရှိသည်။ နှိုင်းယှဉ်ကြည့်လျှင် နေမင်းဖြိုခွင်းကျင့်စဉ် သည် မည်သည့်များပြားသည့် လိုအပ်ချက်များမှ မရှိပါ။ လူတစ်ယောက်သည် ကြိုးစားလျှင် ကြိုးစား သလို သာမာန်လူတစ်ယောက်ပင်လျှင် သေချာသောအဆင့်တစ်ခုထိ အောင်မြင်နိုင်သည်။ ထို့ထက်ပိုသည်မှာ နေမင်းဖြိုခွင်းကျင့်စဉ်သည် အလွန်အမင်း ပြင်းထန်သော တိုက်ခိုက်ရေး ရှေးဉီးမူလစွမ်းအား ကျင့်စဉ် ဖြစ်သည်။ ခွန်အားကို မြှင့်တင်နိုင်ခြင်းတွင် တုနှိုင်းမဲ့နတ်ဘုရားခန္ဓာကိုယ် ကျင့်စဉ် ထက် ပိုပြီး ကျော်ကြားသည်။

ကျိုးဝမ် သိထားသည်မှာ ထိုကျင့်စဉ်သည် တန်ဘိုးကြီးသော ကျင့်စဉ်ဖြစ်ပြီး အဖွဲ့ချုပ်၏ အရေးပါသောသူအချို့သာ ပိုင်ဆိုင်နိုင်သည်။ အရေးပါသောသူများ၏ မျိုးဆက်များမှလွဲပြီး အခြားသူများ ပိုင်ဆိုင်ဖို့ အခွင့်အရေး မရှိပေ။

အဖေဘယ်လိုများ ဒီ နေမင်းဖြိုခွင်းကျင့်စဉ် ကို ရရှိခဲ့ပါလိမ့်? ကြည့်ရတာ အန်မိသားစု ကျေးဇူးကြောင့် ဖြစ်မယ်၊ ဖြစ်နိုင်တယ် ဟု ကျိုးဝမ် သူ၏စိတ်ထဲတွင် ခန့်မှန်းနေသည်။

သူသည် ဤကဲ့သို့ ခန့်မှန်းမိသော်လည်း နေမင်းဖြိုခွင်းကျင့်စဉ်ကို မငြင်းပယ်နိုင်ချေ။ အန်မိသားစု၏ ကျေးဇူးကြောင့် ဆိုလျှင်တောင်မှ သူ့အဖေသည် သူ့ကို ပေးခြင်းဖြစ်ပြီး ထိုသို့ပေးနိုင်ရန်အတွက် ထိုက်သင့်သောတန်ဖိုး တစ်ခုတော့ ပေးခဲ့ရမည်ကို သူသိသည်။ ကျိုးဝမ်သည် သဘာဝအားဖြင့် ထိုကျင့်စဉ်ကို ငြင်းပယ်ရန် မည်သည့် အကြောင်းပြချက်မှ မရှိသလို သူ့အဖေ ကျိုးလင်ဖုန်၏ စေတနာကိုလည်း မသိကျိုးကျွံ  မပြုနိုင်ပေ။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now