Chapter 76

23 7 0
                                    

Zawgyi

အခန်း(၇၆) ဝမ့်၏ လူ

မီးငှက်မှာ အလွန်အမင်း မြန်ဆန်လှသည်။ ငွေတောင်ပံ ပုရွက်ဆိတ်ပျံကြီးသည် မီးငှက်၏ တိုက်ခိုက်မှုကို ငွေတောင်ပံများခတ်လိုက်ပြီး ခုခံရှောင်ရှားလိုက်သည်။ သွေးနီရောင်ကိုယ်ပွားမှာ ပုရွက်ဆိတ်ပျံ လောက် လျင်မြန်မှုမရှိပါ။ ငွေတောင်ပံ ပုရွက်ဆိတ်ပျံကြီးကို တွဲဘက်သားရဲပုံစံ တောင်ပံအဖြစ် ပြောင်းရန်မှာ နောက်ကျနေပြီ ဖြစ်သည်။ မကာကွယ်နိုင်တော့သဖြင့် ကျိုးဝမ်သည် ပျက်သုဉ်းခြင်း လက်ဝါးကို ရိုက်ထုတ်လိုက်သည်။

သို့သော်လည်း လက်ဝါးရိုက်ချက်သည် မီးငှက်ကို ထိမိသည်နှင့် သူသည် လေကို ရိုက်ထုတ်လိုက်သလို ခံစားရသည်။ မီးငှက်မှာ ရုပ်ဒြပ်ထင်ရှားသည့်အရာ မရှိသဖြင့် သူ့အင်အားများသည် လေဟာနယ်ထဲ ရောက်သွားချိန်တွင် မီးငှက်သည် အနီရောင်ကိုယ်ပွားထဲ့သို့ ဝင်ရောက်သွားပြီဖြစ်သည်။

ဘန်း…!

စက္ကန့်အတွင်း သွေးနီရောင်ကိုယ်ပွားသည် မီးပန်းသဖွယ် ပေါက်ကွဲသွားပြီး ဖုန်းမျက်နှာပြင်လည်း မည်းနက်သွားသည်။

ဖြစ်သွားသည့်အရာများကို လက်မခံနိုင်သဖြင့် ကျိုးဝမ်သည် သွေးတစ်စက်ထပ်ချရင်း အနီရောင်ကိုယ်ပွားကို အသက်သွင်းလိုက်၏။ သူသည် မီးနတ်ဘုရားစင်မြင့်ကို တိုက်ရိုက်သွားပြီး ယခင်နေရာကို ရောက်ရှိသွားသည်။ သည်တစ်ကြိမ်တွင် သူသည်ပြင်ဆင်ထားခဲ့၏။ သူသည် ငွေတောင်ပံ ပုရွက်ဆိတ်ပျံကြီးကို တွဲဘက်သားရံပုံစံ တောင်ပံအဖြစ် ပြောင်းလဲထားသည်။ ကြည်လင်တောက်ပသည့် ငွေတောင်ပံလေးခုသည် သွေးနီရောင်ကိုယ်ပွား နောက်ကျောတွင် ပေါ်လာသည်။

အမှန်တကယ်ပင် မီးငှက်သည် မီးနတ်ဘုရားစင်မြင့်ထက်မှ နောက်တစ်ခါ ထိုးတက်လာပြန်သည်။ ကျိုးဝမ်သည် တောင်ပံများအကူအညီဖြင့် မီးငှက်၏ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားလိုက်သည်။ သူသည် မီးငှက်ကို လွတ်ကင်းအောင် မလုပ်နိုင်သလို သူ့ကိုလည်း ၎င်းက ဖမ်းရန် မတတ်နိုင်ပါ။

မီးငှက်ကို မသိကျိုးကျွံပြုလိုက်ပြီး ကျိုးဝမ်သည် မီးနတ်ဘုရား စင်မြင့်သို့ ပျံသန်းသွားလိုက်သည်။ သူသည် သထိပ်ပိုင်းတွင် မည်သည့် အရာရှိသည်ကို မြင်ချင်ခဲ့သည်။

[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now