Zawgyi
အခန်း(၃၄) ငရဲညည်းတွားသံများကြားရခြင်း
ကျိုးဝမ် အတော်လေး အံ့ဩသွားသည်။ သူသည် သူရဲကောင်းအဆင့် သို့ အဆင့်မတက်နိုင်သေးသော်လည်း သူ၏ အချက်အလက်များမှာ ၁ မှတ်တိုးလာပြီး ၉ မှ ၁၀ ဖြစ်သွားသည်။
ထိုတိုးတက်လာသည့် အမှတ်တစ်မှတ်သည် ကျိုးဝမ်ကို အတော်လေး အံ့အားသင့်စေသည်။ သေမျိုးအဆင့်တွင် ကန့်သတ်ချက်မှာ ၉ ဖြစ်သည် ထင်မှတ်ထားသည်။ မည်သူမှ သူရဲကောင်းအဆင့် မတက်ရောက်လျှင် အဆင့်၁၀နှင့်အထက် အမြုတေများကို စုပ်ယူရာတွင် အသုံးမဝင်နိုင်ပေ။
အခုက အဆင့်(၁၃) အမြန်နှုန်းအမြုတေကို စုပ်ယူနိုင်ပြီဟု ဆိုလိုချင်သည်လား၊ ကြည့်ရတာ ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ် က ကန့်သတ်ချက်တွေကို ရိုက်ချိုးလိုက်သည်ဟု ထင်မှတ်ရသည်။
ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ်က ဘယ်လိုကျင့်စဉ်မျိုးပါလိမ့်? ထိုတွေးလိုက်သည့် အခိုက်အတန့်တွင် သူသည် ခရမ်းရောင် သတ္တုပြား(၁၃)ချပ် တစ်ချိန်တည်း ပျောက်ကွယ်သွားသည်ကို သိလိုက်သည်။
သူ့ဘေးတွင်ရှိသော လီရွှမ်မှာလည်း ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေပြီး ကားဆရာမှာမူ သီးခြားဖြစ်ကာ နောက်ခန်းကို အပြာရောင်ဖန်သားဖြင့် ကာထားသည့်အတွက် ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ် ကို ယူရန်မှာ ပိုလို့ပင် မဖြစ်နိုင်ချေ။
ကျိုးဝမ် ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ်ကို နေရာအနှံ့ ရှာကြည့်သော်လည်း မထူးခြားပေ။
ဘယ်လိုတောင် ထူးဆန်းတာလဲဟ? ကျိုးဝမ် မျက်မှောင်ကြုတ်ကာ ပျောက်ဆုံးအင်မော်တယ်ဆုဒြာ ကျင့်စဉ် ပျောက်ဆုံးခြင်းသည် ကောင်းလား၊ ဆိုးလား မသေချာတော့ချေ။
သူရှာမတွေ့မှတော့ ကျိုးဝမ်သည် အားကုန်ခံ ရှာမနေတော့ဘဲ ရပ်လိုက်သည်။ လီရွှမ်သည် ကျင့်ကြံနေဆဲဖြစ်သည်ကို မြင်၍ သူ့ဖုန်းကို မြောက်လိုက်ပြီး ဂိမ်းစတင်ဆော့ နေတော့သည်။ သို့သော်လည်း ရိုးရိုးပုရွက်ဆိတ်ကြီးများနှင့် မျိုးကွဲပုရွက်ဆိတ်ကြီးများကို သတ်ခြင်းမှာ နည်နည်းပျင်းလာပြီး ဂိမ်းအနည်းငယ် ဆော့ပြီးနောက် ထိုင်ခုံကို ကျောမှီလိုက်ပြီး အိပ်ပျော်သွားသည်။
YOU ARE READING
[ Book I ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Let me game in peace Author(s) - Twelve-Winged Dark Seraphim - 十二翼黑暗炽天使 Genre - Act...