...TT TT...TT TT
စားပွဲပေါ်မှနာရီနှိုးစက်အသံကြောင့် မမှီမကမ်းလှမ်းပိတ်လိုက်ပေမဲ့...အိပ်ချင်မူးတူး မူမှန်မနေတဲ့လက်တွေကြောင့် သနားစရာနာရီနှိုးစက်လေးခဗျာ ဒီနေ့လည်းကြမ်းပြင်နဲ့ထပ်ပြီးမိတ်ဆက်ခဲ့ပြန်သည်။
စောင်ကိုခါးထက်တွင်ခြုံကာ အပေါ်ပိုင်းဗလာကျင်းနဲ့ဝမ်းလျားမှောက်အိပ်တတ်တာသူ့အကျင့်ဆိုရင်...စောင်အောက်မှာ အတွင်းခံတစ်ထည်သာဝတ်အိပ်တတ်တာလည်း သူ့အကျင့်ပါပဲ။
"Jeon Jung Kook !! "[ ဂျွန်ဂျောင်ကု...]
အပြင်ဘက်မှတံခါးကို တဒုန်းဒုန်းထုပြီး အော်ဟစ်နှိုးနေတဲ့ မာမီ့အသံလေးကလည်း မနက်တိုင်းနားဝင်ချိုတဲ့ပီယနိုလို့...နားထောင်လို့ကောင်းစွာ တစ်ခါမျှလန့်နိုးမလာခဲ့ပါ။
ခေါင်းအုံးပေါ်ကမျက်နှာချောချောလေးရဲ့မျက်လုံးအိမ်ကလှုပ်ခတ်နေပါရက်နဲ့...မျက်ခုံးလေးကျုံ့ကာနှုတ်ခမ်းလေးဆူရင်း ဆက်အိပ်နေသည်မှာ သူ၏မူပိုင်နှိုးစက်လေးမမြည်သေး၍ဖြစ်သည်။
...📳📳📳...
ဆူညံနေတဲ့အသံတွေကိုနိုးနေပြီဖြစ်တဲ့အသိက တစ်ခုချင်းသတိပေးနေတာမို့...vibrate မြည်လာတဲ့ဖုန်းကိုကိုင်ပြီး...နား အနားကပ်နားထောင်လိုက်သည်။
"Jeon လေး..."
ဆိုသည့်အသံကြောင့် ခပ်လှုပ်လှုပ်မျက်လုံးအိမ်လေးကပွင့်လာပြီး မျက်ဝိုင်းဝိုင်းမျက်လုံးလေးများအားပွတ်သပ်ကာ ခပ်ကြီးကြီးယုန်သွားလေးတွေပေါ်သည်အထိ ပြုံးလာသည်။
"Hyung..."
"ထတော့လေကွာ...ကျောင်းနောက်ကျရင် Hyung မစောင့်ဘူးနော် "
"ထပြီနော် Hyung...ကျွန်တော်မပါပဲ ကျောင်းမသွားလိုက်နဲ့"
ဖုန်းကိုချပြီး စောင်ပုံထဲကထွက်ကာ တန်းပေါ်ကသဘတ်ကိုယူပြီးရေချိုးခန်းထဲ အလျှင်စလိုပြေးဝင်သွားသည်ကလည်း ထုံးစံအတိုင်းပင်။
Hyung မနှိုးမချင်းပေအိပ်နေပေမဲ့လည်း ကျောင်းသွားချိန်နောက်ကျလို့မဖြစ်ပါ။Jeonရဲ့ ကျောင်းနောက်ကျလို့မဖြစ်ချင်း အကြောင်းအရင်းလေးက ရယ်လိုက်ရင် အသည်းပုံနှုတ်ခမ်းလေးကွေးညွတ်သွားတဲ့...နှာခေါင်းထိပ်ကမှဲ့နက်ပိုင်ရှင်လေးရဲ့ မျက်နှာလေးကို မမြင်လိုက်ရမဲ့ရလဒ် အပေါ်မှာအများကြီး မူတည်ခဲ့တယ်။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ