လူကြီးတွေမမိအောင်ဘယ်လောက်အပုန်းကောင်းကောင်း နှစ်ရက်လောက်ကြာတာနဲ့ Jeonရော Jiminရော လူကြီးတွေဆီမှာ ခပ်ကုပ်ကုပ်ကလေးမိသွားကြရတာပါပဲ။
ခပ်တင်းတင်းဖြစ်နေတဲ့ Mommyဆီအကြည့်ရောက်တိုင်း မောင့် လက်အားတစ်ခါတင်းတင်းဆုပ်ကိုင်ထားမိသည်။Mommyအကြီးအကျယ်ဆူမှာစိုးလို့ကြောက်နေတဲ့ မောင်က တကယ့်ကိုမှ ယုန်သူငယ်ကလေးလို။
ဟိုးအရင်တည်းက Jimin က ကာကွယ်ပေးနေကျပဲ။အခုဆို Jeonလေးရဲ့Hyung နဲ့မတူပဲ မောင့်ရဲ့ သက်ဆိုင်သူအဖြစ်နဲ့ ပိုပြီးတော့တောင် ကာကွယ်ပေးဦးမှာ။
"Jeon Jung Kook! "
"ဗျာ "
"မင်း အခု သေချာဆုံးဖြတ်ပြီးပြီလား "
"ဆုံးဖြတ်ပြီးပြီလို့ ကျွန်တော်ထပ်ကာထပ်ကာပြောခဲ့ပြီးပြီပဲ...Mommyမှလက်မခံတာ "
"ဒီလောက်မြန်မြန်နဲ့ မင်းကိုထပ်မှားမှာစိုးလို့လေ။ထပ်လွဲရင် နစ်နာမှာကမင်းတို့နှစ်ယောက်စလုံးနော် Jeonလေး "
"ကျွန်တော် သိပါတယ်။ကျွန်တော်ရော Jiminရော အဆင်ပြေပြီမို့လို့ Mommy စိတ်ချပါ။ကျွန်တော်တို့ ဒါမျိုးထပ်မဖြစ်စေရတော့ပါဘူး "
"အဲ့လောက်သေချာနေလို့ ငါတို့ပြန်ပေါင်းပေးတဲ့အထိ မစောင့်နိုင်ပဲ...Jiminလေးကို ခိုးပြေးသွားတယ်ပေါ့ "
"ဗျာ...ဟို။ကျွန်တော် Jiminနဲ့ခွဲမနေနိုင်တော့လို့ပါ"
"မောင် ခိုးပြေးတာမဟုတ်ပါဘူး။ကျွန်တော် ခိုးပြေးတာပါ Mommy။ကျွန်တော်ခေါ်လို့ မောင်လိုက်လာတာပါ"
"ဟင် "
သားဖြစ်သူဆို ထပ်ဆူမလို့လုပ်ထားပေမဲ့ သားမာတ်ဖြစ်သူကိုယ်တိုင်ကဆိုတော့ Jeon Mommyမှာ ထပ်ဆူဖို့စကားလုံးမရှိတော့သလို...Jiminက ဒီလိုလုပ်သွားတယ်ဆိုပြီး မေမေကိုယ်တိုင်ကအစ တအံ့တသြ။
ဒီကလေးလို မချစ်တော့ဘူးလို့ပဲထင်ထားတာကို မောင်ဆိုတာနဲ့အစချီပစ်တော့ သားဖြစ်သူစိတ်ကိုပိုပြီးနားလည်ဖို့ သူမထပ်ကြိုးစားရဦးမည်။သူမနဲ့ပတ်သက်ပြီး သား ထပ်မပေါက်ကွဲရအောင်...သားလိုအပ်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့လည်း သူမကြိုးစားဦးမှာပါ။